Breaking

၂၀၂၃ ဟာ အနိဋ္ဌာရုံတွေရဲ့ နိဂုံးပဲဖြစ်ပါစေဟု ဦးကိုကိုကြီးပြော

၂၀၂၄  ဇန်နဝါရီ ၁
    ၂၀၂၃ ခုနှစ် ကုန်ဆုံး၍ ၂၀၂၄ ခုနှစ် နှစ်သစ်သို့ ရောက်ရှိချိန်တွင် ၂၀၂၃ ခုနှစ်သည် အနိဋ္ဌာရုံများ၏နိဂုံးသာ ဖြစ်ပါစေဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။ 
    "နှစ်တစ်နှစ်ကုန်ဆုံးတဲ့အခါမှာ ပြီးခဲ့တဲ့ နှစ်တစ်နှစ်ကို ပြန်သုံးသပ်ရင်တော့ စိတ်ထိခိုက်စရာတွေ၊ အနိဋ္ဌာရုံတွေပဲ အများစု ဖုံးလွှမ်းနေတာ တွေ့ရတယ်။ အထူးသဖြင့် စစ်ရေးပဋိပက္ခ မြင့်မားလာတာနဲ့အမျှ အရပ်ဘက် သေကျေပျက်စီးမှုတွေ၊ စစ်ဘေးရှောင် ဒုက္ခသည်တွေ၊ အိုးအိမ်နေအိမ် ပျက်စီးဆုံးရှုံးတာတွေ၊ ဖမ်းဆီးအကျဉ်းချခံရတဲ့ အကျဉ်း သားတွေ မိသားစုတွေ မြို့ပြတွေမှာ လျှပ်စစ်မီးမမှန်တဲ့ ပြဿနာရဲ့ နောက်မှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲတွေ တောက်လျှောက် ရင်ဆိုင်ခဲ့ရပါတယ်။ လောင်စာဆီ ပြဿနာ၊ ကုန်စည်သယ်ယူပို့ ဆောင်ရေးအထိ ကွင်းဆက်တောက်လျှောက် ထိခိုက်ခဲ့တာတွေ အများကြီး ကြုံတွေ့ခဲ့ရပါ တယ်။ စစ်ရေးပဋိပက္ခဒေသတွေမှာ ကလေးတွေ ကျောင်းမနေရတဲ့ ကိစ္စတွေ၊ ကာကွယ်ဆေးမထိုးရတဲ့ ကိစ္စတွေဟာ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ လူသားအရင်းအမြစ်တွေ၊ ကျွန်တော်တို့ လက်တွဲပြီးထားခဲ့ရမယ့် မျိုး ဆက်တွေရဲ့ ပညာရေး၊ ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်ပါတယ်။ မျှော်လင့်ချက်တွေနဲ့ လင်းလက်နေမယ့် ရောင်ခြည်သန်းလာမယ့် ၂၀၂၄ နှစ်သစ်ဖြစ်ပါစေ၊ အိုးအိမ်စွန့်ခွာနေရတဲ့ မိသားစု တကွဲတပြား ဖြစ်နေကြရတဲ့ နိုင်ငံသားတွေလည်း ပြန်လည်စုစည်းနိုင်တဲ့ နှစ်သစ်ဖြစ်ပါစေ။ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေလည်း ပြန် လည်လွတ်မြောက်ပြီး မိသားစုနဲ့ ပြန်လည် စုစည်းနိုင်တဲ့ နှစ်သစ်ဖြစ်ပါစေ"ဟု ဦးကိုကို ကြီးက နှစ်သစ်ဆုမွန်ကောင်း စကားပြောသည်။
    ဦးကိုကိုကြီး ဦးဆောင်သော ပြည် သူ့ပါတီ(People's Party-PP) နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့် ရရှိသွားပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၂၉ ရက်  ကြေညာချက်အမှတ် (၅၄/၂၀၂၃)ဖြင့်  ပြည်ထောင်စုရွေး ကောက် ပွဲကော်မရှင်(UEC)မှ ထုတ်ပြန်ကြေညာခဲ့သည်။
    ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန် တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းမ၊ မဟာဗန္ဓုလအိမ်ရာ၊ အမှတ်(၆၂)၊ တိုက်(D)၊ (၉) လွှာ၊ အခန်း(၉၀၂)တွင် ပါတီရုံးချုပ်ဖွင့်လှစ် ထားရှိသော ပြည်သူ့ပါတီ (People's Party) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်မှ စ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း UEC မှ ကြေညာခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ပါတီ၏ မှတ်ပုံတင်အမှတ် (၄၇)ဖြစ်ကြောင်း သိရသည်။
    ပြည်သူ့ပါတီသည် ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၃ ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီအဖြစ် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်တွင် မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။ 

Total Views ~ 342

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43938

© 2022 - 2025 News. All Rights Reserved.