Breaking

၂၀၂၃ ၏ အခက်အခဲများကို အစိုးရနှင့်ပြည်သူ လက်တွဲရင်ဆိုင် ကျော်လွှားနိုင်ခဲ့ဟု နစကဥက္ကဋ္ဌ ပြောကြား

၂၀၂၄ ဇန်နဝါရီ ၁
    ၂၀၂၃ခုနှစ် ကာလအတွင်း တွေ့ကြုံခဲ့ရသည့် အခက်အခဲအချို့နှင့် စိန်ခေါ်မှုများကိုလည်း နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပူးပေါင်းပြီး အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က "ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃  ခုနှစ် ကာလအတွင်း တွေ့ကြုံခဲ့ရတဲ့ အခက်အခဲအချို့နဲ့ စိန်ခေါ် မှုများကိုလည်း နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပူးပေါင်းပြီး အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီနည်းလမ်းတကျနဲ့ ငြိမ်း ချမ်းစွာ ကိုယ့်နိုင်ငံတိုးတက်စေဖို့ ဆန္ဒမရှိသူ တွေကတော့ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့ကြတာလည်းရှိပါတယ်။ အဖျက်လုပ်ငန်း အမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားတွေရဲ့ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှုဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ ဖြစ်ခဲ့ပါတယ်။ ဒါတွေ သာမရှိခဲ့၊ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ များစွာကို တိုးတက်နေမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် သင်ခန်းစာပါ"ဟု ပြောကြားသည်။
    ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်တွင်လည်း ချမှတ်ထားသည့် အမျိုးသားရေး ရည်မှန်းချက်များ၊ နိုင်ငံရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ပြည်သူလူထုနှင့် လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ကြောင်း၊ အဓိကအားဖြင့် စီးပွားရေး ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများ ယခုထက် ပိုမိုအား ကောင်းလာအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ပညာရေးကိုလည်း ပိုမိုအားပေး ဆောင်ရွက်သွားမည့်အတွက် တိုင်းရင်းသား ပြည်သူအားလုံးအနေဖြင့် တည်ငြိမ်အေးချမ်း ပြီး မိမိတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုး တက်လာအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားသည်။
    ဆက်လက်၍ "၂၀၂၄ ခုနှစ်အတွင်းမှာ ကျွန်တော်တို့နိုင်ငံအတွင်း ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းမှ ရရှိတဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များက ကျွန် တော်တို့ နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များမှာ အကျိုးရှိရှိ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန် တော်တို့အစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲကြီး ဖြစ်ပေါ် စေရေးအတွက် အခြေခံအချက်ဖြစ်တဲ့ မဲစာရင်းများမှန်ကန် ပြည့်စုံရေးမှာလည်း အသုံပြုနိုင်မှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
    ဆက်လက်၍ ကုန်လွန်ခဲ့သည့် နှစ်ဟောင်းတွင် နိုင်ငံတော်အတွက် အကျိုး ဖြစ်ထွန်းစေမယ့်အရာများကို ဆက်လက် သယ်ဆောင်ကြပြီး မကောင်းသော အတွေး၊ မကောင်းသော အမြင်များနှင့် မကောင်း သောလုပ်ရပ်များကို ချန်ရစ်ခဲ့ကာ လူမျိုးရေး၊ ဘာသာရေး၊ ဒေသရေးအစွဲများ ကင်းဝေး ခြင်းနဲ့အတူ တစ်ဦးအပေါ်တစ်ဦး ကိုယ်ချင်း စာတရား၊ မုဒိတာတရား၊ မေတ္တာတရားများ နှင့် မျှော်လင့်တောင့်တနေသည့် နိုင်ငံတော်သစ်ဆီ ဆက်လက်လျှောက်လှမ်းကြရန် တိုက်တွန်းပြောကြားခဲ့သည်။

Total Views ~ 213

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43937

© 2022 - 2025 News. All Rights Reserved.