ရန်ကုန်၊ ဇူလိုင် ၂၃
၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျပ် ၂၅၉ ဒသမ ၈၇ ဘီလီယံ သုံးစွဲကာ ကျေးလက် လမ်း၊ တံတားများကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ကျေး လက်လမ်း၊ တံတားစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေးညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၂ ရက် က နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး ကျေးလက်လမ်း၊ တံတားများကို အဆင့်မြှင့်တင်ဆောင်ရွက် နေမှုများနှင့်ပတ်သက်၍ အထက်ပါအတိုင်း သတင်းထုတ်ခဲ့သည်။
ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်းအရှည် ၄၃၉၉၇ မိုင်ကို တာဝန်ယူတည်ဆောက် ထိန်းသိမ်းလျက်ရှိပြီး ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၄၉ ဒသမ ၁၃ ဘီလီယံဖြင့် လမ်းမိုင်ပေါင်း ၁၉၀၊ တံတား၊ ရေကျော်နှင့် သြထ ဃကူလနမအ ၁၆၉ စင်း၊ တိုင်းဒေသကြီး/ပြည်နယ် ငွေ လုံးငွေရင်း ရန်ပုံငွေကျပ် ၂၁၀ ဒသမ ၇၄ ဘီလီယံဖြင့် လမ်းမိုင်ပေါင်း ၉၃၀၊ တံတား၊ ရေကျော်နှင့် Box Culvert ၁၀၇၂ စင်းတို့ကို ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ကျေးရွာပေါင်း ၇၃၉၅ ရွာရှိ ဒေသခံ ပြည်သူ ၅ ဒသမ ၅၄ သန်းကို အကျိုးပြုနိုင်ခဲ့ကြောင်းနှင့် ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း လမ်း၊ တံတား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကျေး လက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။