ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများ စေလွှတ်လျက်ရှိရာ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ် ယူမှုခွဲတမ်းအနေဖြင့် ၁၁၀၀၀ ခန့် ရွေးချယ်ခေါ်ယူ စေလွှတ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ ကျင့်ရေးသင်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း၌ ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအား တွေ့ဆုံရာတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ရွှေ့ပြောင်းအလုပ် သမားဌာနစုတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများနှင့် မိမိအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် OWIC ကတ် ထုတ်ပေးခြင်း ဖြစ်ပြီး ပြည်ပနိုင်ငံများမှ ခွင့် ပြန်အလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ OWIC ကတ် ထုတ်ပေးရေးဌာနတွင် OWIC ကတ် စိစစ် ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ ၁၀၆၁၁ ဦး စေ လွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများသည် မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသားများပင်ဖြစ်သည့်အတွက် ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို တတ်နိုင်သရွေ့ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံသားတိုင်းသည် အကြောင်းအမျိုးမျိုးကြောင့်သာ အခြားနိုင်ငံများသို့ ရောက်ရှိနေရသည်ဖြစ်သော်လည်း မြန်မာနိုင်ငံသားဟူသည့် စိတ်ရှိသည်ဖြစ်သဖြင့် ၎င်းတို့အတွက် အင်အားတစ်ခုရရှိစေရေး၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေရေးအတွက် သံတမန် ဝန်ထမ်းများအနေဖြင့် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ အားတွေ့ဆုံရာတွင် ပြောကြားထားသည်။