၂၀၂၃ စက်တင်ဘာ ၂၆
ဒီဇင်ဘာလကုန်ထိ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားပါက မှတ်ပုံတင်ကြေး ကင်းလွှတ်ခွင့်ပြု မည်ဖြစ်ကာ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် မှတ်ပုံတင်ခြင်းမရှိဘဲ အွန်လိုင်းမှရောင်း ချနေသည်ကို စစ်ဆေးတွေ့ရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇူလိုင် ၂၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့် ကြေညာစာ အမှတ်(၅၀/၂၀၂၃)နှင့် (၅၁/ ၂၀၂၃) အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက် ထားနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၂ ရက်မှ စတင်လျှောက် ထားနိုင်ပြီဖြစ်ကြောင်းနှင့် ဒီဇင်ဘာလကုန်အထိ မှတ်ပုံတင်သူများကို မှတ်ပုံတင်ကြေး ကင်းလွှတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက် ထားနိုင်ရေးအတွက် မှတ်ပုံတင်လျှောက်ထား သည့်စနစ် မိတ်ဆက်ခြင်းနှင့် အသိပညာပေး အခမ်းအနား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းခန်းမ၌ ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးက မှတ်ပုံတင်လျှောက်ထားသည့် စနစ်မိတ် ဆက်ခြင်းနှင့် အသိပညာပေး အခမ်းအနားတွင် အမိန့်ကြေညာစာအမှတ် (၅၁/၂၀၂၃)ထုတ်ပြန်ထားရှိမှု အခြေအနေနှင့် လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များကို လည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင်လက်မှတ်လျှောက် ထားရမည့် e-Commerce Registration (Online) System နှင့်စပ်လျဉ်း၍လည်း ကောင်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် လိုက်နာရမည့် ကိစ္စရပ်များကိုလည်းကောင်း ရှင်း လင်းပြောကြားခဲ့သည်။
ရှင်းလင်းချက်အကြမ်းဖျင်းအရ ၂-၁၀-၂၀၂၃ ရက်မှစပြီး Online မှ ဈေးရောင်းချသူများ မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ မှတ်ပုံတင်သူများအတွက် မှတ်ပုံတင်ကြေးကင်း လွတ်ခွင့်ပြုမှာ ဖြစ်ကြောင်း၊ Online Regis-tration ပြုလုပ်ရင် မိမိလုပ်ငန်းအမည်၊ Logo၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ လိုအပ်ကြောင်း၊ Online Application Form ကြေး ကျပ် ၄၀၀၀ ခန့်ကျသင့်မှာ ဖြစ်ကြောင်း၊ မည်သည့်ထုတ်ကုန်ပစ္စည်းမဆို ကိုယ်ပိုင်ပစ္စည်း ဖြန့်ဝေရောင်းချသည် ဖြစ်စေ၊ ပြန်ယူရောင်းချသည်ဖြစ်စေ Online ဖြင့် အသုံးပြု သူများအားလုံး မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြေညာစာ အမှတ် (၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူ များအားလုံးသည် မှတ်ပုံတင်လက်မှတ် လျှောက်ထားရန် အကျုံးဝင်ပြီး မှတ်ပုံတင် လက်မှတ်လျှောက်ထားလိုသူသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင်လာ ရောက် ဆောင်ရွက်ရန်မလိုအပ်ဘဲ အွန်လိုင်းစနစ်ဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်မှစတင်၍ လျှောက်ထား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။