၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ် ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇ ဘီလီယံ လျာထား

နေပြည်တော်၊ သြဂုတ် ၂၁
    ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ် ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇ ဘီလီယံ လျာထာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရ သည်။ 
    ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၆ ရက်အထိ ပြည်ပသို့ လယ်ယာထွက်ကုန် ပစ္စည်းတင်ပို့မှုအနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇၂၃ သန်း တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
    "၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွက် ပို့ကုန်တင်ပို့ဖို့အတွက် အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၇ ဘီလီယံ လျာထားပါတယ်။ ဒီလျာထားချက်ကို ပြည့်မီနိုင်ဖို့နည်း လမ်းတွေ ရှာဖွေဆောင်ရွက်နေပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ယခင်က ခွင့်ပြုပေးခြင်း မရှိခဲ့တဲ့ ရန်ကုန်-ကော့သောင်း-ရနောင်းကို ကွန်တိန်နာ စနစ်အပြင် နယ်စပ်ကုန်သွယ်မှု နည်းလမ်းနဲ့လည်း တင်ပို့ခွင့် ပြုနေပါတယ်။ လက်ရှိ အနေအထားမှာဆို ရင်တော့ ရန်ကုန်ကနေ ရနောင်း။ ရနောင်းကနေ ရနောင်း-ကော့သောင်း-ရန်ကုန် ဆိုပြီးမှ တင်ပို့၊ တင်သွင်းမှုကို နည်းလမ်းအသစ်တွေနဲ့ ဆောင်ရွက်နေပါတယ်။ လက်ရှိ ပြည်ပတင်ပို့မှုအနေနဲ့ ၂၀၂၄ ဧပြီ ၁ ရက် ကနေ ဇူလိုင်လ ၂၆ ရက် ကုန်သွယ်မှုစာ ရင်းတွေအရ လယ်ယာထွက်ကုန်တင်ပို့မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇၂၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ အဲဒီအထဲကမှ ပင်လယ်ရေကြောင်းက တင်ပို့မှုအမေရိကန် ဒေါ်လာ ၁၄၂၅ သန်းနဲ့ နယ်စပ်က တစ်ဆင့် တင်ပို့မှုက တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၉၈ သန်းခန့် တင်ပို့နိုင်ခဲ့ပါတယ်"ဟု ၎င်းကပြော သည်။ 
    လယ်ယာထွက်ကုန် တင်ပို့မှုအနေဖြင့် အများဆုံးမှာ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ ရော်ဘာ၊ ဆီထွက်သီးနှံ ရေထွက်ကုန်ပစ္စည်းများဖြစ်ပြီး တင်ပို့သည့် နိုင်ငံများအနက်မှ အများဆုံးမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနိရှား၊ ဖိလစ်ပိုင်၊ မလေးရှားစသည့် နိုင်ငံများဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ 
ကွန်းဈာန်

Total Views ~ 344

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43811

© 2022 - 2025 News. All Rights Reserved.