Breaking

AA ပစ်ခတ်မှုကြောင့် ဘူးသီးတောင်ပြည်သူ့ဆေးရုံအတွင်း ယာယီနေထိုင်သူ သုံးဦးသေဆုံး၊  ၁၀  ဦး ဒဏ်ရာရ၏

ရန်ကုန်၊ မေ ၁၄
    ရခိုင်ပြည်နယ်၊ ဘူးသီးတောင် ပြည်သူ့ဆေးရုံဝင်းအတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ သုံးဦးသေဆုံးကာ တစ်နှစ်ခွဲအရွယ်နှင့် ၁၀ နှစ်အရွယ် ကလေးများအပါအဝင် ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့မှ ထုတ်ပြန်လိုက်သည်။
    ဖြစ်စဉ်မှာ မေ ၁၁ ရက် ည ၁၁ နာရီခန့်က ဘူးသီးတောင်မြို့၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်အကွာရှိ ကျောက်ရစ်(ရွာသစ်)ကျေးရွာဘက်မှနေ၍ AA က လက်နက်ကြီးဖြင့် ပြည်သူ့ဆေး ရုံဝင်းအတွင်းသို့ ပစ်ခတ်ခဲ့ရာ ပြည်သူ့ဆေးရုံရှိ ဝန်ထမ်းအိမ်ရာ လေးထပ်ဆောင်ပေါ်သို့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
    အဆိုပါ ပေါက်ကွဲမှုကြောင့် ပြည်သူ့ဆေးရုံဝင်းအတွင်း နေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူသုံးဦး သေဆုံးခဲ့ပြီး အသက် တစ်နှစ်ခွဲနှင့် အသက် (၁၀) နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် ဒေသခံပြည်သူ ၁၀ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြရာ ထိခိုက်ဒဏ်ရာ ရရှိသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှ ဘူးသီးတောင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှုခံယူစေ လျက်ရှိကြောင်း သိရသည်။
    AA အဖွဲ့အနေဖြင့် လူနေရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုမှာ ယခု အကြိမ်အပါအဝင် စုစုပေါင်း ၁၄ ကြိမ်ရှိခဲ့ပြီး ဒေသခံပြည်သူ ၆၀ သေဆုံးခဲ့ကာ ၁၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Total Views ~ 240

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43915

© 2022 - 2025 News. All Rights Reserved.