Breaking

AA အဖွဲ့နှင့်စပ်ဆက်၍ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ကာလတန်ဖိုးငွေကျပ် ဘီလီယံ ၂၉၀ ကျော်အထိ ရှိလာ

၂၀၂၄၊ မတ် ၂၈
    AA သောင်းကျန်းသူ အဖွဲ့အနေဖြင့် ၎င်းင်းတို့အဖွဲ့ ရပ်တည်နိုင်ရေးနှင့် လက်နက်ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သော ငွေကြေးများ ရရှိနိုင်ရန်အတွက် မူးယစ်ဆေးဝါး သယ် ဆောင်ရောင်းဝယ်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်မှစ၍ ယနေ့အထိ AA သောင်းကျန်းသူအဖွဲ့နှင့် ဆက်စပ်ပတ်သက်သည့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ ကိုးကြိမ်ရှိပြီး သိမ်းဆည်းရမိ မူးယစ်ဆေးဝါး ကာလတန်ဖိုး ကျပ် ၂၉၄ ဒသမ ၈၂ဘီလီယံဖြစ်ကြောင်း နိုင်ငံတော် အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
    ယခုရက်ပိုင်း ဖမ်းဆီးရမိမှုအဖြစ် ၂၀၂၄ ခုနှစ်  မတ်လ ၂၁ ရက် ညနေပိုင်းတွင် စစ်တွေမြို့နေ AA သောင်းကျန်းသူအဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး သန့် ဇင်ဦးသည် ဘူးသီးတောင်မြို့နေ AA သောင်းကျန်းသူအဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး မေယုထွန်းနှင့် ချိတ်ဆက်၍ မူးယစ်ဆေးဝါး များအား ရန်ကုန်မြို့မှတစ်ဆင့် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့များသို့ ပို့ဆောင်နေကြောင်း တာဝန်သိ ပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ် ကွက်၊ စက်မှု(၅)လမ်း၊ အိမ်အမှတ်(၃၀၁)သို့ ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ပေးသည့် တရားခံ ထွန်းသိန်းအောင်နှင့် ၎င်းင်း၏ ဇနီးဖြစ်သူ စုမြတ်ဝေတို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ယင်းနေ့ ညပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ်(၂)တံတား၌ ဆိုက်ကပ်ထားသော ရန်ကုန်-စစ်တွေပြေးဆွဲသည့် 'အမ်ဗွီ'စိန် ပြည့်မင်း”ကုန်တင်သင်္ဘောအား ဝင်ရောက်ရှာဖွေ စစ်ဆေး ခဲ့ရာ ကတ်ထူဖာများအတွင်း၌ WY စာတန်းပါ(ပန်းရောင်) စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်း၊ ကာလတန်ဖိုးငွေ ကျပ် တစ်ဘီလီယံ ခန့်အား ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
    ဖမ်းဆီးရမိတရားခံ စုမြတ်ဝေ၏ ထွက်ဆိုချက်အရ မတ်လ ၁၄ ရက်တွင် စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်နေ အစ်မဝမ်းကွဲ၏ ခင်ပွန်းဖြစ်သူ တရားခံပြေးသန့်ဇင် ဦးက မူးယစ်ဆေးဝါးများ အား ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ပေးပါက ငွေကျပ်သိန်း ၂၀၀ ပေးမည်ဟု ပြောကြားသော ကြောင့် ခင်ပွန်းဖြစ်သူ ထွန်းသိန်းအောင်နှင့် တိုင်ပင်ကာ သဘောတူလက်ခံခဲ့ကြောင်း၊ မတ်လ ၂၀ ရက်တွင် တရားခံပြေး သန့်ဇင်ဦး၏သား တရားခံပြေး ကျော်ပိုင်သူ လာရောက်ပို့ဆောင်ပေးသည့် မူးယစ်ဆေးဝါးများအား 'ဂေါ်ဇီလာ' ဆပ်ပြာတောင့်များနှင့်အတူ ရောနှောထုပ်ပိုးပြီး ကတ်ထူဖာများ အတွင်းထည့်ကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ပို့ဆောင်ရန် မရမ်းကုန်းမြို့နယ်၊ ဘုရင့် နောင်ဆိပ်ကမ်း ရှိ အမှတ်(၂)တံတား၌ ဆိုက်ကပ်ထားသော ရန်ကုန်-စစ်တွေပြေးဆွဲသည့် 'အမ်ဗွီ' စိန်ပြည့်မင်း” ကုန်တင်သင်္ဘောပေါ် သို့ တင်ဆောင်ပေးခဲ့ကြောင်း သတင်းဖော် ပြချက်အရ သိရသည်။
    မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှ တရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ တရားခံပြေး သန့်ဇင်ဦးနှင့် ကျော်ပိုင်သူ အပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေး ဝါးသယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။

 

Total Views ~ 269

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43953

© 2022 - 2025 News. All Rights Reserved.