၂၀၂၄ ၊ မတ် ၁၂
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပါဒလိပ် ကျေးရွာအတွင်းသို့ AA လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထ မနေ့ဖြေဆိုပြီး ပြန်လာသည့် အပြစ်မဲ့ကျောင်း သားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့တွင် ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ဗဗ လက်နက်ကိုင်များသည် မတ်လ ၁၁ ရက်မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၅၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပါဒလိပ်ကျေးရွာရှိ အမှတ်(၇)အခြေခံပညာ အထက်တန်း ကျောင်းအနီးသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် ၂၀၂၃-၂၄ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြေဆို၍ ပြန်လာသော ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ ခံတပ်မတော်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက် ရှိကြောင်း သိရသည်။
ဒဏ်ရာရရှိသူများကို ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက သွား ရောက်ကြည့်ရှု၍ လိုအပ်သည် များ ဆောင်ရွက်ပေးကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။ AA လက်နက်ကိုင်များအနေဖြင့် တည်ငြိမ်အေးချမ်း လျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်တိုက် ခိုက်ခြင်း၊ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ ဒေ သကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့် လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပြီး ယခု ဖြစ်စဉ်တွင်လည်း ၎င်းတို့၏ မဆင်မခြင် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံ့ အနာဂတ်ဖြစ်သည့် ကလေးငယ်များ၏ ပညာရေးနှင့်ဒေသတည်ငြိမ်အေးချမ်းရေးကို များစွာ ထိခိုက် စေကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် စာမေးပွဲဖြေဆိုနေသည့် ကလေးငယ်များ အားလုံး ဘေးကင်းလုံခြုံစွာဖြင့် စာမေးပွဲ ဆက်လက်ဖြေဆိုနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများနှင့် အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။