Breaking

AA အဖွဲ့၏ လုပ်ရပ်များဖုံးကွယ်ရန် မဟုတ်မမှန်သတင်းများ ယုတ်မာကောက်ကျစ်စွာ ဝါဒဖြန့်နေဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

ရန်ကုန်၊ ဇွန် ၄
    ရခိုင်ပြည်နယ်ဒေသအချို့တွင် AA အဖွဲ့များက ဘင်္ဂါလီများကို သတ်ဖြတ်ခဲ့မှု၊ ဘင်္ဂါလီရွာများကို မီးရှို့ခဲ့မှုနှင့် ပတ်သက်ပြီး ၎င်းတို့အပေါ်ကျရောက်နေသည့် ဖိအားများ လျော့ကျစေရန်နှင့် ဖုံးကွယ်ရန်အတွက် မဟုတ်မမှန်သတင်းများ ယုတ်မာကောက်ကျစ်စွာ ဝါဒဖြန့်နေခြင်းဖြစ် ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား သည်။
    စစ်တွေမြို့နယ် မြောက်ဘက် ဗျိုင်းဖြူရွာတွင် တပ်မတော်က လူ၄၀ ကျော် သတ်ဖြတ်ပြီး လူရာနှင့်ချီ ဖမ်းဆီးထားကြောင်း သတင်းမှားကို ယုတ်မာကောက်ကျစ်စွာ ဝါဒဖြန့်ချိနေသည့် ဖြစ်စဉ်အမှန်မှာ မြေပြင်သတင်းပေးချက်အရ လုံခြုံရေးတပ် ဖွဲ့ဝင်များက ရခိုင်ပြည်နယ် စစ်တွေမြို့ ဗျိုင်း ဖြူ‌ကျေးရွာအတွင်းသို့ နယ်မြေလုံခြုံရေးအတွက် မေလ ၂၉ ရက်တွင်  သွားရောက်စစ်ဆေးခဲ့ပြီး ဒေသခံမဟုတ်သူ သုံးဦးက လုံခြုံရေးတပ်ဖွဲ့ဝင်ထံမှ လက်နက်ရယူရန်ကြိုးစားမှုကြောင့် ပြန်လည်ပစ်ခတ်ရာ ၎င်းတို့ သုံးဦးလုံးသေဆုံးခဲ့ပြီး မသင်္ကာသူ ၂၀ ခန့်အား ထိန်းသိမ်းစစ်ဆေးမှုများသာ တပ်မတော်က ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
    "အဲဒီထဲမှာပါတဲ့ AA ရဲ့ ယုတ်မာကောက်ကျစ်တဲ့ ဝါဒဖြန့်မှုဖြစ်တဲ့ လူ ၄၀ လောက်သေဆုံးတယ်၊ ပြီးရင် အမျိုးသမီးတွေကို အဓမ္မပြုကျင့်သွားတယ်ဆိုတဲ့ ကိစ္စ မျိုး ဖြစ်ပျက်ခဲ့ခြင်းမရှိပါဘူး။ AA အနေနဲ့ ဒါတွေကို ဘာလို့လုပ်လဲဆိုတော့ AA အနေနဲ့က ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီး တောင်မြို့နယ်အတွင်းမှာ ဘင်္ဂါလီတွေကို သတ်ဖြတ်ခဲ့တယ်။ ဘင်္ဂါလီတွေရဲ့ အိမ်တွေကို မီးရှို့ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တော့ လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ ကမ္ဘာ့အဖွဲ့အ စည်းအချို့က နိုင်ငံတကာအဖွဲ့အစည်းအချို့က သူတို့ကို ဖိအားပေးတဲ့အချိန်မှာ မဟုတ် မမှန် လုပ်ကြံစွပ်စွဲခြင်းသာ ဖြစ်ပါတယ်။ ဘူး သီးတောင်မြို့ မှာဆိုရင် မေ ၁၇ ရက်နဲ့ ၁၈ ရက်က အဆိုးဆုံးပါပဲ။ မေ ၁၇ ရက် ည ၉ နာရီခွဲလောက်ကဆိုရင် AA အနေနဲ့ ဘူးသီးတောင်မြို့ထဲကို ဝင်ရောက်လာတဲ့အကြောင်း သတင်းရတယ်။ ပြီးရင် ဘင်္ဂါလီတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့တယ်။ ဘင်္ဂါလီအားလုံးကို ထွက်သွားဖို့ဆိုပြီး နှင်ထုတ်ခဲ့တာမျိုး ရှိပါတယ်။ ဒါ့အပြင် ဘူးသီးတောင်နားလေးမှာရှိတဲ့ ကျေးရွာတွေ အိုးသည်ရွာတို့၊ ပြီးရင် ဘူးသီးတောင် အရှေ့ ဘက်မှာ ရှိတဲ့ရွာတွေ အားလုံးကို ဘင်္ဂါလီတွေရဲ့ ရွာတွေကို မီးရှို့ခဲ့ တာဖြစ်တယ်။ ဒါ့အပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေရှိတယ်ဆိုတဲ့ သတင်း တွေလည်း ရရှိပါတယ်။ အထောက်အထား ခိုင်လုံစွာနဲ့ ရရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဖုံးကွယ်ဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်"ဟု ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောကြားသည်။
    AA အဖွဲ့အနေဖြင့် တစ်ဖက်သတ် လူမျိုးရေးခွဲခြားမှု၊ တစ်ဖက်သတ်လူမျိုးရေးလှုံ့ဆော်မှုများနှင့် ဆောင်ရွက်နေပြီး ဗမာမုန်းတီးရေး၊ ဘင်္ဂါလီမုန်းတီးရေး၊ ကျန်ဒေသခံ တိုင်းရင်းသားမျိုးနွယ်စုများ မုန်းတီးရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ကာ မူးယစ်ဆေးဝါးနဲ့ ရပ်တည်နေသော အဖွဲ့အစည်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြည့်စွက်ပြောကြားသည်။

Total Views ~ 243

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43879

© 2022 - 2025 News. All Rights Reserved.