၂၀၂၄ ၊ ဖေဖော်ဝါရီ ၆
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asain Cup 2024 ပြိုင်ပွဲအကြို ခြေစမ်းပွဲများအတွက် အကောင်းဆုံး လေ့ကျင့်ပြင်ဆင်ထားဟု မြန်မာဖူဆယ်အသင်း၏ နည်းပြချုပ် Bunlert Cha-rornwong က ပြောကြားသည်။
ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asain Cup 2024 ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ Surabara မြို့သို့ လေ့ကျင့်ရေး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
"မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၉ ရက်မှာ ယှဉ်ပြိုင်ကစားရမှာမို့လို့ လေ့ကျင့်ချိန်က နည်းပါတယ်။ အင်ဒိုနီးရှားအသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် ကစားသမားတွေကို အဓိကအားဖြင့် ကိုယ်ကာယကြံ့ခိုင်မှုနဲ့ အဆင်သင့်ဖြစ်တဲ့ ကစားသမားတွေကို ရွေးချယ်ထားပြီး အင်ဒိုနီးရှားရဲ့ ချန်ပီယံအသင်းဖြစ်တဲ့ ဘင်တန်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ အကောင်းဆုံး လေ့ကျင်ပြင်ဆင်ထားပါတယ်"ဟု မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်း၏နည်းပြချုပ် Bunlert Charornwong က ပြော သည်။
ပဏာမမြန်မာ့လက်ရွေးစင်အသင်းသည် ဖေဖော်ဝါရီ ၇ ရက်နှင့် ၉ ရက်တို့တွင် အင်ဒိုနီးရှားဖူ ဆယ်လိဂ်ချန်ပီယံ Bintang Timur Futsal Club အသင်းနှင့် လည်းကောင်း၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် Regional East Java Team နှင့်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်သော ပဏာမ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းတွင် အုပ်ချုပ်/နည်းပြအဖွဲ့ဝင်ရှစ်ဦးနှင့် ကစားသမား ၁၉ ဦးတို့ ပါဝင်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် အာဖဂန်နစ္စတန် ဖူဆယ်အသင်း တို့ပွဲစဉ်ကို မတ်လ ၃၀ နှင့် ၃၁ ရက်များတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်းတွင် တည်ဆောက်ထားသော နိုင်ငံတကာ အဆင့်မီ ဖူဆယ်ကွင်းဖြစ်သောMFF Futsal Stadium တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
အာဖဂန်နစ္စတန် ဖူဆယ်အသင်းသည် လက်ရှိ ကမ္ဘာ့အဆင့်ရပ်တည်မှု ၅၃ တွင် ရပ်တည်နေသော အသင်းဖြစ်ပြီး အာဖဂန်နစ္စတန် ဖူဆယ်အသင်းသည် ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သော CAFA Futsal Cha-mpionship ပြိုင်ပွဲတွင် ဒုတိယဆု ရယူနိုင်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် အုပ်စု(က)၌ အိမ်ရှင်ထိုင်းအသင်း၊ ဗီယက်နမ်အသင်း၊ တရုတ်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။