၂၀၂၄ ၊ ဇန်နဝါရီ ၁၆
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနည်းပြချုပ် Mr.Bunlert Charoen-wong သည် AFC Futsal Asian Cup 2024 ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြု လုပ်ရန် ပဏာမကစားသမား ၂၅ ဦးစာရင်းကို ထုတ်ပြန်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းအနေဖြင့် ဧပြီလအတွင်း ထိုင်းနိုင်ငံတွင် ကျင်းပမည့် AFC Futsal Asian Cup 2024 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ရာ ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် ဇန်နဝါရီ ၂၀ ရက် ညပိုင်းမှစတင်၍ ဖေဖော်ဝါရီ ၁၁ ရက်အထိ စခန်းသွင်း လေ့ကျင့်မှုများ၊ ခြေစမ်းပွဲ ယှဉ်ပြိုင်က စားခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်ချုပ်နည်းပြကိုးဦး၊ ပဏာမကစားသမား ၂၅ ဦးနှင့်အတူ ဇန်နဝါရီ ၂၀ ရက်မှ ဖေ ဖော်ဝါရီ ၄ ရက်အထိ သုဝဏ္ဏကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများ အဆောင် တွင် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့သို့ ထွက်ခွာပြီး ဖေဖော်ဝါရီ ၇ ရက်နှင့် ၉ ရက်တို့တွင် အင်ဒိုနီးရှား ဖူဆယ်လိဂ် ချန်ပီယံ Bintang Timur Futsal Club အသင်းနှင့် လည်း ကောင်း၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် Regional East Java Team နှင့်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။