ATOM Star ပလက်တီနမ်အဆင့်ရှိသူများအတွက် အထူးသီးသန့်အကျိုးခံစားခွင့်များရရှိနိုင်မယ့်  ATOM – CB Co-Branded MPU Credit Card (အကြွေးဝယ်ကတ်) စတင်မိတ်ဆက်

၂၀၂၃ မတ် ၂၀

ATOM Star ပလက်တီနမ်အဆင့်ရှိသူများအတွက် အထူးသီးသန့်အကျိုးခံစားခွင့်များရရှိနိုင်မယ့်  ATOM – CB Co-Branded MPU Credit Card (အကြွေးဝယ်ကတ်) စတင်မိတ်ဆက်ပွဲအခမ်းအနားကိုမတ်လ (၂၀) ရက်နေ့၊ Melia ဟိုတယ် မှာအောင်မြင်စွာနဲ့ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးသုံးစွဲမှုများကို ဒီဂျစ်တယ်စနစ်နဲ့အတူ ပိုမိုလွယ်ကူစွာအသုံးပြုနိုင်ရန်နှင့် ATOM ကို ယုံကြည်စွာသုံးစွဲနေသူ ပလက်တီနမ်စတားတို့အတွက်  ပိုမိုကောင်းမွန်တဲ့အကျိုးခံစားခွင့်တွေ ပေးအပ်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နှင့်အတူ ATOM – CB Co-Branded MPU Credit Card များကိုစတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။

တက်ရောက်လာကြတဲ့ ပရိသတ်တွေကို ATOM Myanmar  CEO Mr. Muhammad Ziaullah Siddiqui CB Bank Deputy CEO ဦးသိန်းဇော်ထွန်း နှင့် Managing Director ဦးဇေယျာအောင်၊ MPU CEO ဦးဇော်လင်းထွဋ်တို့က ATOM - CB Cobranded MPU အကြွေးဝယ်ကတ်နဲ့ ပတ်သက်ပြီး

အဖွင့်အမှာစကားများပြောကြားခဲ့ကြသလို မီဒီယာများရဲ့ မေးမြန်းမှုတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြေကြားခဲ့ပါတယ်။

အခမ်းအနား အစီအစဥ်အတိုင်း အက်တမ်မြန်မာ ၊ CB Bank နှင့် MPU တို့က ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ်အား မီဒီယာများရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြသလို အကြွေးဝယ်ကတ် နှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြမှုများလည်း ပြုလုပ်ခဲ့ကြပြီး သိလိုသမျှမေးခွန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပွင့်လင်းမြင်သာစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။

ATOM Star ပလက်တီနမ်အဆင့်ရ သုံးစွဲသူတွေအနေနဲ့ ၂၀၂၃ ခုနှစ် မတ်လ (၂၀) ရက်နေ့က စတင်ပြီး ATOM – CB CO-Branded MPU အကြွေးဝယ်ကတ်တွေကို ATOM Store App နှင့် ATOM Website ကတစ်ဆင့်အလွယ်တကူတိုက်ရိုက်လျှောက်ထားနိုင်ပြီဟု သိရသည်။

အဆိုပါကတ်၏ အထူးအကျိုးခံစားခွင့်များအဖြစ် ပထမနှစ်အတွက် နှစ်စဥ်ကြေးအခမဲ့အပြင် လျှော့စျေးများနှင့် အခြားခံစားခွင့်များရရှိနိင်မည် ဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသော သုံးစွဲသူများအနေဖြင့် ငွေသုံးစွဲမှု ပမာဏ ကျပ်သိန်း ၅၀ အထိ သုံးစွဲခွင့်ရနိင်မယ်လို့သိရပါတယ်။

 

 

 

Total Views ~ 316

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43351

© 2022 - 2025 News. All Rights Reserved.