Breaking

Cargo Flight ဖြင့် ဆန်တင်ပို့ပါက Pre- License စစ်ဆေးရန်မလိုကြောင်း ဆန်စပါးအသင်းချုပ် အသိပေးကြေညာ

၂၀၂၃ ဒီဇင်ဘာ ၄
    ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ ဆန်နှင့် ဆန်ကွဲတင်ပို့မှု လျော့ကျနေချိန်တွင် Cargo Flight ဖြင့် ပြည်ပ သို့ ဆန်နှင့်ဆန်ကွဲတင်ပို့မည့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် Pre- License Cargo Inspection စစ်ဆေးရန် မလိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အသိပေးထုတ်ပြန်ထားသည်။
    ၂၀၂၃ ဒီဇင်ဘာ ၁ ရက်မှစတင်ကာ Pre-License Cargo Inspection ဖြင့် စစ်ဆေးခြင်းကို လျှောက်ထားမည့် ဆန်/ဆန်ကွဲ ပို့ကုန်လိုင်စင်ပမာဏ၏ ၁၀၀ ရာခိုင်နှုန်း ကုန်ပစ္စည်းသိုလှောင်ထားရှိမှု စိစစ်ခြင်းအစား ရာခိုင်နှုန်း ၅၀ အထိသာ စစ်ဆေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အသေးစား၊ အလတ်စား ပို့ကုန်လုပ်ငန်းရှင်များကို ကူညီရန်အတွက် တန်ချိန် ၂၆၀ နှင့်အောက် ပို့ကုန်လုပ်ငန်းရှင်များအတွက် Pre-License Cargo Inspection စစ်ဆေး ရန် လိုအပ်မှုမရှိကြောင်းနှင့် အဆိုပါအစီအစဉ်ကို ယခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်အတွင်း ဆောင်ရွက်ရ မည်ဖြစ်သည်။ 
    လက်ရှိတွင် ၂၀၂၃-၂၄ ဘဏ္ဍာ နှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းတင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိ သော်လည်း လက်ရှိဘဏ္ဍာနှစ် ခြောက်လ အတွင်း တန်ချိန် ၅၈၃၆၈၃ တန်တင်ပို့မှုမှာ ဒေါ်လာ ၂၇၁ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ထုတ်ပြန်ချက် အရ သိရသည်။
    မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲ တင်ပို့မှု တစ်တန်ပေါက်ဈေးသည် ယခင် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်၏ ပေါက်ဈေးထက် ဈေးကောင်း ရရှိလာကြောင်း၊ လက်ရှိတွင် နိုဝင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ တန်ချိန် ၉၀ç၀၀၀ ကျော်ကို တင်ပို့ထားပြီး ဖြစ် ကြောင်း၊ ပြည်ပနိုင်ငံများမှ မြန်မာ့ဆန် နှင့်ဆန်ကွဲကို အမျိုးအစားပေါ် မူတည်၍ ဈေးကောင်းပေးလာသော်လည်း ဆန်တင်ပို့ နိုင်မှုသည် တန်ချိန်အားဖြင့် လျော့နည်းသွား ကြောင်း၊ ဆန်တင်ပို့မှုတန်ချိန်လျှော့နည်း သော်လည်း ဈေးနှုန်းမြှင့်ပေးသည့်အတွက်ကြောင့် ဝင်ငွေအနေဖြင့်လျော့နည်းမှု မရှိကြောင်း MRF မှ သိရသည်။

Total Views ~ 184

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43929

© 2022 - 2025 News. All Rights Reserved.