၂၀၂၄ ၊ မတ် ၂၈
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်ပလက်ဝေခံအဖွဲ့အစည်းများ၏ လုပ်ရပ်များမှာ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားတို့အတွက် အကျိုးစီးပွားအတွက် မဟုတ်ဘဲ ၎င်းတို့နှင့် ၎င်းတို့အဖွဲ့ အစည်းများ၏ အကျိုးအတွက်သာ ရှေးရှုလုပ်ဆောင် နေခြင်းများသာဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက် ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ် ဖော်ဆောင်ရေးကို ပျက်စီးအောင် လုပ်နေခြင်းဖြစ် ကြောင်းကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ဒေသအချို့တွင် ဖြစ်ပွားနေသည့် ဖြစ်ရပ်များက သက်သေခံနေလျက်ရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော ကြားလိုက်သည်။
တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်သမားများဟာ သူတို့အင်အား တည်ဆောင်နိုင်ဖို့အ တွက် ဝေးလံခေါင်ပါးတဲ့ သွားလာခက်ခဲတဲ့နေရာတွေမှာ အခြေခံပြီး ဘိန်း၊ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုများမှ ရရှိတဲ့ဝင်ငွေ၊ တရားမဝင်လမ်းကြောင်းက နိုင်ငံတော်သယံဇာတတွေ ခိုးထုတ် ရောင်းချမှုကနေရတဲ့ ဝင်ငွေများကို နည်းလမ်းပေါင်းစုံနဲ့ လောင်းကစားပေါင်းစုံ ကရရှိတဲ့ဝင်ငွေနဲ့ လက်နက်ခဲယမ်းများ ဝယ်ယူတာ၊ ထုတ်လုပ်တာ လူအင်အားစုစောင်းတာ တိုးချဲ့ပြုလုပ်ကြတယ်။ အဲဒီကတစ်ဆင့် တိုင်းရင်းသားအရေး အကြောင်းအမျိုးမျိုး ပြပြီး လက်နက်စွဲကိုင် နိုင်ငံတော်ကို အဖျက် အမှောင့်ပြုလုပ်နေတာဟာ သူတို့ရဲ့ ခေတ်အဆက်ဆက်လုပ်ရပ်တွေက သက်သေပြနေတယ်။ အဓိက ကတော့ မူးယစ်ဆေးဝါးထုတ် လုပ်ရောင်းချခြင်းနဲ့ သယံဇာတခိုးထုတ်တဲ့ လုပ်ငန်းတွေကို အခြေခံပြီး စခဲ့တာ ဖြစ်တာကြောင့် အန္တရာယ်ကြီးတဲ့ဖွဲ့တွေလို့ ပြောရလိမ့်မယ်။ ဒါကြောင့် သူတို့ကို ဘယ်သူကမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း မပတ်သက်လိုကြောင်း ပြောကြားလို တယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့နဲ့ ပြည်ပလက်ဝေခံအဖွဲ့အ စည်းတွေရဲ့ လုပ်ရပ်တွေ ဟာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတို့အတွက် အကျိုးစီးပွားအတွက်မဟုတ်ဘဲ ၎င်းတို့နဲ့ ၎င်းတို့အဖွဲ့ အစည်းရဲ့ အကျိုးအတွက်သာ ဖြစ်တယ်ဆိုတာ ရှေးရှုလုပ်ဆောင်နေတာတွေ ဒီမိုကရေစီနဲ့ဖက် ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတစ်ရပ် ဖော်ဆောင်ရေးကို ဖျက်ဆီးအောင် လုပ်နေခြင်း ဖြစ်နေတယ်ဆိုတာတွေဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကရင်ဒေသ အချို့မှာ ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေက သက်သေခံနေ လျက်ရှိနေပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားလိုက်သည်။
၂၀၂၄ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သော (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေး ပြအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး "တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းအချို့နဲ့ အကြမ်းဖက်အဖွဲ့အစည်းများဟာ လက်နက်နဲ့ အကြောက်တရားကို ဖန်တီးပြီး လူသစ်စု စောင်းမှုတွေ အရှိန်မြှင့်လုပ်ဆောင် လျက်ရှိနေတဲ့အပြင် လူမျိုးရေးမုန်းတီးမှုတွေကို ရှေ့တန်းတင် လှုံ့ဆော်နေတာကိုလည်း တွေ့ရှိရပါတယ်။ လူမျိုးစုများစွာရှိတဲ့ ကျွန်တော်တို့နိုင်ငံမှာ လူမျိုးကို အခြေခံပြီး လက်နက်ကိုင်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနဲ့ လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်လုပ် ဆောင်ခြင်းတွေဟာ ငြိမ်းချမ်းရေးနဲ့ အလှမ်း ဝေးစေပြီး တိုင်းပြည်စည်းလုံးညီညွတ်မှု ထိခိုက်ပျက်စီး စေလျက်ရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ လူငယ်တစ်ချို့ဟာလည်း ပြည်ပမီဒီယာအချို့ရဲ့ အဖျက်သဘောဆောင်တဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ပြီး သောင်းကျန်းသူတွေရဲ့ အသုံးချခံဖြစ်နေတာကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ရလျက်ရှိတယ်"ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ဒီမိုကေရေစီနှင့်အညီ ဆောင်ရွက်နိုင်သော်လည်း အဓမ္မနည်းဖြင့် ပြုလုပ်လာခြင်း ကြောင့် ဒေသခံများ၏ အကျိုးစီးပွားပျက်စီးခြင်း၊ ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားခွင့် ဆုံးရှုံးခြင်း များသာ ခံနေရ၍ ၎င်းတို့၏ လုပ်ရပ်များမှာ အင်မတန်မိုက်မဲသည့် လုပ်ရပ်ပဲဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြည်သူ့စစ်အဖွဲ့များနှင့် ပြည်သူလူထု လက်တွဲကာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့သည့် ဒေသများကိုလည်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် တရားဥပဒေနှင့်ညီ ထိထိရောက်ရောက်ဆောင်ရွက်သွားရမည်ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။