၂၀၂၄ ၊ ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ Esperado ဟိုတယ်ပိုင်ရှင်ဇနီးဖြစ် သူကို ဓားဖြင့်ထိုးသတ်ခဲ့သည့် ဟိုတယ်ဝန် ထမ်းကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၈ နာရီခွဲအချိန်က Esperado ဟိုတယ်၏ သုံးလွှာ အခန်းအမှတ် ၃၀၀၃ တွင်ဟိုတယ်ပိုင်ရှင် ဦးအောင်ဇော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဦးကို အခန်းတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟိုတယ်ပိုင်ရှင် ၏ဇနီးဖြစ်သူမှာ အခန်းထဲတွင်းမှ ထွက်မလာခြင်းကြောင့် သားဖြစ်သူက ဖုန်းခေါ်ဆိုရာ ဖုန်းပြန်လည်မဖြေကြားသဖြင့် မာစတာကီးဖြင့် အခန်းကိုဖွင့်ရာ မိခင်ဖြစ်သူ လဲကျသေဆုံးနေခြင်းကို စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။
Esperado ဟိုတယ်ပိုင်ရှင်၏ ဇနီးဖြစ်သူ အသက် (၅၈) နှစ်အရွယ်ရှိ ဒေါ်သန်းသန်းဦးသည် ကျောပြင်မှာ ဓားဒဏ်ရာငါးချက်ခန့်ဖြင့် လဲကျသေဆုံးခဲ့ခြင်းဖြစ်သည်။ "တရားခံကို ဖမ်းဆီးရမိပါပြီ။ တရားခံက ဟိုတယ်ဝန်ထမ်းပါပဲ။ တောင်ကြီးဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ သွားနေစဉ်မှာပဲ လမ်းခုလတ်မှာ ဖမ်းဆီးခဲ့ပါတယ်"ဟု ရန် ကုန်တိုင်းရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။