Express ကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီး ကား က လမ်းဘေးချောက်ထဲ ကျပြီး ဆိုင်ကယ်သမား သေဆုံ

 

၂၀၂၃ စက်တင်ဘာ ၁၂

မကွေး-နေပြည်တော်လမ်း မှာ ခရီးသည်တင် Express ကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီး ကား က လမ်းဘေးချောက်ထဲ ကျပြီး ဆိုင်ကယ်သမား သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မကွေး - ကန်ပြား - နေပြည်တော်လမ်း မြို့သစ်မြိုနယ် ပေကံကုန်းကျေးရွာနှင့် တပ်ကုန်းကျေးရွာကြားတွင်  ခရီးတင်  Express ကားနှင့် ဆိုင်ကယ်တိုက်မှု စက်တင်ဘာ ၁၁ ရက်နေ့ ညပိုင်းက ဖြစ်ပွားပြီး ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးကြောင်းသိရပါတယ်။

ခရီးသည်တင်ယာဥ်မှာ လမ်းဘေးချောက်ထဲသို ထိုးကျသွားပြီး လူထိခိုက်မှု မရှိဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။

သေဆုံးသူ ဆိုင်ကယ်မောင်း အမျိုးသား၏ ရုပ်အလောင်းအား မြို့သစ် မနောဖြူ အသင်းကားဖြင့် မြို့သစ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို ကူညီပိုဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Total Views ~ 191

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43781

© 2022 - 2025 News. All Rights Reserved.