Breaking

FIFA-MFF U17 Youth League ပြိုင်ပွဲမှ အသက်စစ်ဆေးမှုကျရှုံးသည့် ကစားသမားလေးဦး ကစားခွင့် ပယ်ဖျက်

၂၀၂၄ ၊ ဇန်နဝါရီ ၁၀
    ဗဟန်း အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း(၁)တို့တွင် ၂၀၂၃ ဒီဇင်ဘာ ၂၉ ရက်မှ စတင်ကာ ကျင်းပလျက်ရှိသည့် FIFA-MFF U17 Youth League 2023/24 ယူ ၁၇ လိဂ်ပြိုင်ပွဲတွင် အသက်စစ်ဆေးမှု ကျရှုံးသည့် ကစားသမားလေးဦးအား ပါဝင်ကစားခွင့် ပယ်ဖျက်ခြင်းနှင့် အရေးယူခြင်း များအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ထုတ် ပြန်လိုက်သည်။ 
    ယူ ၁၇ လိဂ်ပြိုင်ပွဲတွင် အသက် မှန်ကန်မှုရှိစေရေးနှင့် သန့်ရှင်းမျှတစွာကစား နိုင်ရေးတို့အတွက် ဇန်နဝါရီ ၄ ရက်က လူငယ်ပြိုင်ပွဲများ အသက်စိစစ်ရေးအဖွဲ့သည် ပြိုင်ပွဲဝင် ကလပ်အသင်းများနှင့် ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများအား ခေါ်ယူ၍ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက် သံသယဖြစ်ဖွယ် ကစားသမားများအား ထပ်မံဆေးစစ်မှုများနှင့် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီထံသို့ အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ဆက်လက်ပေးပို့ တင်ပြခဲ့ခြင်း ဖြစ်သည်။ 
    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် အသက်စိစစ်ရေး အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် ပြိုင်ပွဲဝင်ကစားသမား မှတ်ပုံတင် စာရွက်စာတမ်းများ၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီး အစီရင်ခံစာများ ကြည့်ရှုသုံးသပ်ပြီး သံသယဖြစ်ဖွယ် ကစားသမားများ၏ ဆေး စစ်မှုရလဒ်များအား စစ်ဆေးကာ အသင်းလေးသင်းမှ ကစားသမားလေးဦးအား ဆေးစစ်ချက်ရ လဒ်များအရ အသက်ကျော်လွန်နေကြောင်း တွေ့ရှိရသဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျက်ရှိသည့် FIFA-MFF U17 League 2023/24 ပြိုင်ပွဲတွင် ပါဝင်ကစားခွင့်မပြုရန် (၁) Shwe Pyi Thar FC-တစ်ဦး၊ (၂) Phar Si Myay FC- တစ်ဦး၊ (၃) Burmese Youth FC- တစ် ဦး၊ (၄) Artharwady FC- တစ်ဦးကို ကစားခွင့်ပယ်ဖျက်ခဲ့သည်။ ထို့အပြင် သက်ဆိုင်ရာ အသင်းအုပ်ချုပ်နည်းပြ အဖွဲ့ဝင်များအား နောက်နောင် ပြိုင်ပွဲများတွင် အလားတူမဖြစ် စေရန်အတွက် ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ယူ-၁၇ လိဂ်ပြိုင်ပွဲ ပထမအပတ်ပွဲစဉ် ၁၊ ၂ တို့မှ အနိုင်ရရှိထားသော Phar Si Myay FC, Artharwady FC တို့ပွဲစဉ် အနိုင် ရလဒ်များအား ပယ်ဖျက်လိုက်ကြောင်း သိရ သည်။ 
    FIFA-MFF U17 League 2023/ 24 ပြိုင်ပွဲ ကျင်းပရေးအနေဖြင့် ပြိုင်ပွဲဝင် ကစားသမား မှတ်ပုံတင်စာ ရွက်စာတမ်းများ စနစ်တကျပြုစုထားရှိမှု အားနည်းကြောင်း တွေ့ရှိရသဖြင့် နောက်နောင် အလားတူဖြစ်ရပ်မျိုးမဖြစ်စေရန် ပြင်းထန်စွာ သတိပေးလိုက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှကြီး မှူးကျင်းပသော လူငယ်ပြိုင်ပွဲများတွင် မရိုးသားစွာဖြင့် အသက်မှန်ကန်မှုမရှိ ဝင်ရောက် ယှဉ်ပြိုင်ကစားမှုများ စစ်ဆေးတွေ့ရှိပါက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။

Total Views ~ 321

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43960

© 2022 - 2025 News. All Rights Reserved.