ICRC အကူအညီများ မသက်ဆိုင်သည့် အဖွဲ့အစည်းများထံ မရောက်ရှိစေရေး ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၁၁
    မြန်မာနိုင်ငံအတွက်  လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပြည်သူများ လက်ဝယ်သို့ လိုအပ်သည့် ကူညီထောက်ပံ့မှုများ အမှန်တကယ် ရောက်ရှိစေရေးနှင့် မသက်ဆိုင်သည့် အဖွဲ့အစည်းများထံသို့ မရောက်ရှိစေရေး နိုင်ငံတော်အကြီးအကဲနှင့် ICRC ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Com-mittee of the Red Cross – ICRC) ဥက္ကဋ္ဌ Ms. Mirjana Spoljaric Egger ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က စက်တင်ဘာလ ၉ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီအနေဖြင့် မြန်မာနိုင်ငံ၌ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အကူအညီလိုအပ်လျက်ရှိသည့် ပြည်သူများလက်ဝယ်သို့ လိုအပ်သည့် ကူညီထောက်ပံ့မှုများ အမှန်တ ကယ် ရောက်ရှိစေရေးနှင့် မသက်ဆိုင်သည့် အဖွဲ့အစည်းများထံသို့ မရောက်ရှိစေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ တပ်မတော်အနေဖြင့် ဂျီနီဗာ ကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
    တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Committee of the Red Cross – ICRC) ဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ထူးမြတ်

Total Views ~ 160

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43803

© 2022 - 2025 News. All Rights Reserved.