၂၀၂၃၊ မတ်၊ ၂၂
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ကဝပန် ကျေးရွာနှင့် ခကရန်းယန်ကျေးရွာကြား မိုင်တိုင်(၉၀)၊ ထိန်ပိုင်(ရွာပျက်)တွင် မတ်လ ၂၀ ရက် မွန်းတည့်၁၂နာရီမှညနေ ၅နာရီကြားအချိန်တွင် KIA သောင်းကျန်းသူအဖွဲမှ လက်နက်ကိုယ်စီကိုင်ဆောင်ထားသော ခေါင်းဆောင်(စိစစ်ဆဲ) အင်အား ၃၀ ဦးခန့်သည် မိုးကာတဲ ၂ လုံးဆောက်လုပ်၍ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုသွား ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်/ ဆိုင်ကယ်များအား ရပ်တန့်စစ်ဆေးကာ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ မြစ်ကြီးနားမှ ပူတာအိုသို ပြေးဆွဲနေသော နေလယာဉ်လိုင်းမှ ယာဉ်မောင်း ဦးသန်းဦး မောင်းနှင်သော ယာဉ်အမှတ်....... ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး၊ ပေါင်း ၇ ဦးအနက်မှ လီဆူလူမျိုး အမျိုးသား ၁ ဦး၊ မြစ်ကြီးနားမှ ပူတာအိုသို ပြေးဆွဲနေသော 4-Uncle ယာဉ်လိုင်းမှ ယာဉ်မောင်း ကိုရှမ်း မောင်းနှင် သော ယာဉ်အမှတ်.....စူပါကာစတန်ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသား ၁ ဦး၊ အမျိုးသမီး ၆ ဦး၊ ပေါင်း ၇ ဦးအနက်မှ ဗမာလူမျိုး အမျိုးသား ၁ ဦး၊ မြစ်ကြီးနားမှ ပူတာအိုသို မုန့်များတင်ဆောင်လာသည့် ယာဉ်မောင်း ဦးခင်မောင်ညွန့် မောင်းနှင်သော ယာဉ်အမှတ်....... ယာဉ်မှ ယာဉ်နောက်လိုက် မောင်သီဟ ၂၀ နှစ်ခန့်၊ ကရင်/ဗမာလူမျိုး၊ ပူတာအိုမှမြစ်ကြီးနားသို ပြေးဆွဲနေသော ဝင်းသစ္စာယာဉ်လိုင်းမှ ယာဉ်မောင်း သာထူး မောင်းနှင်သော ယာဉ်အမှတ်......... စူပါကာစတန်ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၆ ဦး၊ ပေါင်း ၇ ဦးအနက်မှ လီဆူလူမျိုး အမျိုးသား ၁ ဦးတိုအား KIA(ကချင်)သောင်းကျန်းသူအဖွဲများမှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားသူ ၄ ဦးအပြင် အခြားမော်တော်ယာဉ်များမှလည်း ဖမ်းဆီးခေါ်ဆောင်ထားသူများလည်းရှိသဖြင့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ စုစုပေါင်း အမျိုးသား ၂၀ ဦးခန့်ရှိသည်ဟု သိရှိရသည်။