Love's Symphony Aureum Destination Wedding Showပွဲကြီးတွင် သရုပ်ဆောင်မြယာ ပါဝင်မည်

ရန်ကုန်၊စက်တင်ဘာ ၃၀

ESPACE BY AUREUM နှင့် KS Collection Wedding Planner တို့မှ ပူးပေါင်းကျင်းပမည့် Love's Symphony Aureum Destination Wedding Showပွဲကြီးကိုလာမယ့် အောက်တိုဘာ ၇ ရက် နဲ့ ၈ ရက်မှာ လှည်းတန်းစင်တာအနီး AGD Bank ရှိ ESPACE BY AUREUM တွင် 10နာရီမှ ည ၆နာရီအထိခမ်းနားစွာကျင်းပပြုလုပ်မည်ဖြစ်ကာ သရုပ်ဆောင် မြယာမှလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

KS Collection Wedding Planner တည်ထောင်သူ အန်တီငယ်က " Love's Symphony Aureum Destination Wedding Showပွဲကြီးမှာ မြယာလည်း ပါဝင်မှာပါ။ ဒီပွဲမှာဆိုရင် မင်္ဂလာဆောင် ဝန်ဆောင်မှုတွေနဲ့ ပတ် သက်ပြီး အထူးလျှော့ဈေးတွေ ပါဝင်မှာမို့လို့ လာရောက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပွဲကိုရောက်ပြီဆိုတာနဲ့ဘကံစမ်းမဲတွေနဲ့ အခြားပွဲတွေနဲ့မတူညီတဲ့ ထူစခြားတဲ့အချက်တွေ များစွာပါဝင်တဲ့အတွက် မင်္ဂလာဆာင်မယ့် မောင်မယ်တွေကို လာရောက်ဖို့အတွက်လည်း ဖိတ်ခေါ် ခြင်ပါတယ်ဟု ပြောကြေားခဲ့သည်။

အဆိုပါပွဲတွင် KS Collection Wedding Planner မှ Wedding, Dinner, Signing Ceremony Special PackagePromotionများ Beach Wedding Package ပေါင်းများစွာကို ရောင်းချသွားမည်ဖြစ်ပြီး၊ အထူးအစီစဉ်အနေဖြင့် မင်္ဂလာမောင်နှံများအတွက် ပထမဆု ငွေဆောင်ကမ်းခြေ Aureum Palace Hotel တွင် မင်္ဂလာလက်မှတ်ထိုးပွဲ တစ်ပွဲလုံးစာ (မိတ်ကပ်၊ဓါတ်ပုံ၊Decoration၊ MC) အစအဆုံး စီစဉ်ပေးမည့် Package ကြီးနှင့်အတူ Aureum Palace Hotel & Resort ရဲ့ပြင်ဦးလွင် ၊ ပုဂံ၊ ငွေဆောင်၊ ပုပ္ပါး Honeymoon Trip များနှင့် ဆုမဲပေါင်းများစွာ မဲဖေါက်ပေးသွားမှာဖြစ်ကြောင်းသိရသည်။

Total Views ~ 252

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43811

© 2022 - 2025 News. All Rights Reserved.