Breaking

MIC ခွင့်ပြုချက်ဖြင့် ပြည်တွင်းတွင် ထုတ်လုပ်မည့် လောင်စာဆီသုံး SKD နှင့် CKD ကားများကို အခွန်လျှော့ချ သတ်မှတ် 

ရန်ကုန်၊ ဇွန် ၄
    မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်း၌ ထုတ်လုပ်မည့် လောင်စာဆီသုံးယာဉ်များ Semi-Knocked Down-SKD စနစ်နှင့် Completely Knocked Down-CKD စနစ်တို့ဖြင့် တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်းထားများကို ဆက်လက်၍ ဖြေလျှော့ခွင့် ပြုလိုက်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၄၂/၂၀၂၄ ဖြင့် မေ ၃၀ ရက်က ထုတ်ပြန်ထားသည်။
    2000 CC နှင့်အောက် လူစီးမော် တော်ယာဉ်များအား ယခင်က SKD ၇ ဒသမ ၅ ရာခိုင်နှုန်း၊ CKD ၅ ရာခိုင်နှုန်းအဖြစ် ကောက်ခံခဲ့ရာမှ ယခုအခါ  SKD ၅ ရာခိုင်နှုန်း၊ CKD ၃ ရာခိုင်နှုန်းအဖြစ် လည်းကောင်း၊ 2001 CC နှင့်အထက် လူစီးမော် တော်ယာဉ်များအား ယခင်က SKD ၇ ဒသ မ ၅ ရာခိုင်နှုန်း၊ ဃီု ၅ ရာခိုင်နှုန်းအဖြစ် ကောက်ခံခဲရာမှ ယခုအခါ CKD ၅ ရာခိုင်နှုန်း၊ CKD ၃ ရာခိုင်နှုန်းအဖြစ်လည်းကောင်း အသီးသီး ဖြေလျှော့ကောက်ခံထားသည်။ 
    ထို့အပြင် သုံးဘီးမော်တော်ဆိုင် ကယ် (လူစီး)များအား ယခင်က SKD ၇ ဒသမ ၅ ရာခိုင်နှုန်း၊ CKD ၅ ရာခိုင်နှုန်းအဖြစ် ကောက်ခံခဲ့ရာမှ ယခုအခါ SKD ၃ ရာခိုင် နှုန်း၊ CKD ၁ ဒသမ ၅ ရာခိုင်နှုန်းအဖြစ်လည်း ကောင်း၊ သုံးဘီးမော်တော်ဆိုင်ကယ် (ကုန်တင်)များအား ယခင်က SKD ၇ ဒသမ ၅ ရာခိုင်နှုန်း၊ CKD ၅ ရာခိုင်နှုန်းအဖြစ် ကောက်ခံခဲ့ရာမှ ယခုအခါ SKD ၃ ရာခိုင်နှုန်း၊ CKD ၃ ရာခိုင်နှုန်းအဖြစ်လည်းကောင်း အသီးသီး ဖြေလျှော့ကောက်ခံထားသည်။ 
    အလားတူ Bus ကားများ၊ Truck Body ပြုလုပ်ရန် Truck ကားများအား ယခင်က SKD ၇ ဒသမ ၅ ရာခိုင်နှုန်း၊ CKD ၅ ရာခိုင်နှုန်းအဖြစ် ကောက်ခံခဲ့ရာမှ ယခုအခါ  SKD ၃ ရာခိုင်နှုန်း၊ CKD ၃ ရာခိုင်နှုန်းအဖြစ် ဖြေလျှော့ကောက်ခံထားပြီး မော်တော်ဆိုင်ကယ် များကိုလည်း ယခင်က SKD ၃ရာခိုင်နှုန်း၊ CKD ၃ ရာခိုင်နှုန်းအဖြစ် ကောက်ခံခဲ့ရာမှ ယခုအခါ SKD ၁ဒသမ၅ ရာခိုင်နှုန်း၊ CKD ၁ ဒသမ ၅ ရာခိုင်နှုန်းအဖြစ် ဖြေလျှော့ ကောက်ခံထားသည်။
    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် စီးပွားရေးပြန်လည်ကောင်းမွန်တိုး တက်လာစေရန်နှင့် ပြည်တွင်း အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်း များကို အထောက်အကူ ပြုစေ ရန်အတွက် အကောက်ခွန်နှုန်းဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယင်းအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမိန့်ကြော်ငြာစာသည် ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်မှ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်အထိ အကျိုးသက် ရောက်စေရမည်ဟု ဖော်ပြထား သည်။ 

Total Views ~ 323

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43886

© 2022 - 2025 News. All Rights Reserved.