ရန်ကုန်၊ ဇူလိုင် ၃၁
လောက်ကိုင်တွင် MNDAA အဖွဲ့က ဗမာလူမျိုးများကို လိုက်လံဖမ်းဆီးနေပြီး လောက်ကိုင်ဒေသအတွင်း ရောက်ရှိနေသော ဗမာလူမျိုးများအနေဖြင့် အမြန်ဆုံးနေ ရပ်ဒေသများကိုပြန်ကြရန် ယင်းဒေသတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူတစ်ဦးက လူမှုကွန်ရက်တွင် ရုပ်သံထုတ်လွှင့်ကာ ဗမာလူမျိုးများကို သတိပေးပြောကြားချက် ရုပ်သံဖိုင်အရ သိရသည်။
MNDAA အဖွဲ့က လောက်ကိုင်မြို့တွင် ဗမာလူမျိုးများက တပ်မတော်ကိုသတင်းပေးသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း အဆိုပါ ရုပ်သံထုတ်လွှင့်ခဲ့သူက ပြောကြားသည်။
"သူတို့ အစကတည်းက ဗမာလူ မျိုးမဝင်ရဘူး ဆိုလို့ရှိရင် ကျွန်တော်ဖြစ်စေချင်တာက ဒီစာအုပ်တွေက ဘာလို့ လုပ်ခိုင်းတာလဲ။ ကတ်တွေက ဘာလို့လုပ်ခိုင်းတာလဲ။ အခုက စာအုပ်တွေ၊ ကတ်တွေ အကုန်လုပ်ပြီးမှ ဗမာလူမျိုးမှန်ရင် အကုန်ဖမ်းကွာဆိုတာက ဗမာလူမျိုးတွေက ဘာတွေလုပ်နေ လို့လဲ။ ကျွန်တော်ပြောချင်တာက ဖမ်းတဲ့အကြောင်း ပြချက်ကလည်းဗျာ၊ သူတို့အများဆုံးပြောတဲ့ စကားလုံးပေါ့။ အဲဒါဘာလဲဆိုတော့ သတင်းပေးလို့ပေါ့ဗျာ။ သတင်းပေးတဲ့သူတွေရှိတယ်။ ဗမာလူမျိုး မှန်ရင် အကုန်လိုက်ဖမ်းပေါ့။ ဗမာလူမျိုးတွေ သတင်းပေးနေတယ်။ ဒီလောက်ကိုင်မြို့မှာ ဘာတွေဖြစ် နေတယ်ဆိုတာကို သတင်းတွေပေးတဲ့သူတွေရှိတယ်ဆို ပြီးတော့ အကုန်လိုက်ဖမ်းခိုင်းတယ်"ဟု ရုပ် သံထုတ်လွှင့်ရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ထို့အပြင် လောက်ကိုင်မြို့ရှိ လုပ်ငန်းရှင်များကိုလည်း ဗမာလူမျိုးလုပ်သားများ ခေါ်ယူထားပါက အမြန်ဆုံးပြန်ခိုင်းရန်သတိ ပေးမှုများ ပြုလုပ်နေကြောင်းကိုလည်း အဆို ပါရုပ်သံထုတ်လွှင့်သူက "လောက်ကိုင်မှာ အခု ဗမာလူမျိုးဆို အကုန်ဖမ်းခိုင်းတယ်။ ကိုယ်ပိုင်စာအုပ် ရှိရှိ မရှိရှိ၊ သူဌေးက ထောက်ခံခံ မခံခံပေါ့။ ဗမာလူမျိုးဆိုတာနဲ့ သူတို့အကုန်ဖမ်းခိုင်းတယ်။ အခုလက်ရှိမှာလည်း လူအယောက် ၄၀၀၊ ၅၀၀ လောက် ဖမ်းထားတယ်ပေါ့။ သူတို့ ပြည်သူ့စစ်ရုံးထဲမှာ အဲဒီထဲမှာ ထည့်ထားတယ်ပေါ့။ ပြန်လွှတ်လား၊ မလွှတ်လားဆိုတာတော့ ကျွန်တော် လည်း အတိအကျမသိသေး ဘူး။ အခုက ပြောချင်တာကဗျာ၊ ဗမာလူမျိုးမှန်ရင်အကုန် ဖမ်းခိုင်းတယ်"ဟု ပြောသည်။ ဆက်လက်၍ ၎င်းက"ဒီ ဗီဒီယိုဖိုင်ကိုတွေ့လို့ရှိရင် လောက်ကိုင်မြို့မှာရှိတဲ့သူတွေ အမြန်ဆုံး၊ အမြန်ဆုံး ပြန်ကြပါလို့ ကျွန်တော်ပြောချင်ပါတယ်။ ပြီး တော့ အဖမ်းမခံနဲ့။ အဖမ်းမခံနဲ့ဆိုတာက ရှောရှောရှူရှူနဲ့ ပြန်ပို့လို့ရှိရင် ကိစ္စမရှိဘူးဗျာ၊ တစ်စုံတစ်ခုခုလုပ်မှာ၊ သူတို့ စစ်ထဲကို ဘယ်လိုပြောမလဲ အလုပ်ခိုင်းတာတို့ ဘာတို့ အဲဒီလိုဖြစ်မှာစိုးလို့။ ဒီ ဗီဒီယိုကို တွေ့လို့ရှိ ရင်ဗျာ အမြန်ဆုံးပြန်ပါလို့ ကျွန်တော်က ပြောစေချင်ပါတယ်" ဟု ပြောကြားသည်။
" MNDAA, TNLA အကြမ်းဖက် ဓားပြအဖွဲ့တွေဟာ အကြောင်းအမျိုးမျိုးပြပြီး ဒေသခံတိုင်းရင်းသားပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေ၊ အသက်အိုးအိမ်စည်းစိမ်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ သူတို့မတရား ကျူးကျော်ထားတဲ့နယ်မြေတွေမှာ လူမျိုးရေး ခွဲခြားဆက်ဆံတာတွေ၊ မတရား သိမ်းပိုက်တာတွေ၊ အတင်းအဓမ္မစစ်သားစုဆောင်း အသေခံခိုင်းတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။ သူတို့ အချင်းချင်းတောင် နယ်မြေလုနေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့ မတရားကျူးကျော်ထားတဲ့ ဘယ်နယ်မြေတွေမှာ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘ၀ တိုးတက်နေသလဲ၊ လုံခြုံနေသလဲဆိုတာကို မေးခွန်းထုတ်ချင်ပါတယ်။ တိုင်းရင်းသားပြည်သူ လူထုအပေါ် လက်နက်အားကိုးနဲ့ အနိုင်ယူ နေတဲ့ ဓားပြအဖွဲ့အစည်းတွေသာ ဖြစ်ပါတယ်"ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီသတင်းထုတ် ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် ထည့်သွင်းပြောဆိုထားသည်။