Madagascar နိုင်ငံတွင် အကျဉ်းကျခံနေရသည့် မြန်မာသင်္ဘောသားနှစ်ဦးအတွက် အလှူငွေကျပ် သိန်း ၅၅၀ကျော်ရရှိထားသော် လည်း မလုံလောက်သေးဟုဆို

၂၀၂၃ စက်တင်ဘာ ၁၃
  Madagascar နိုင်ငံတွင် အကျဉ်းကျခံနေရသည့် မြန်မာသင်္ဘောသားနှစ်ဦးအတွက် အလှူငွေကျပ် သိန်း ၅၅၀ ကျော်ရရှိ ထားသော်လည်း မလုံလောက်သေးကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ် သမားများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်း အောင်ကပြောသည်။
    Madagascar က ညီနောင်နှစ်ဦး နဲ့ပတ်သက်လို့ သတင်းစကားပြောရမယ်ဆိုရင် အဖမ်းခံရတာတော့ မြန်မာသင်္ဘောသား နှစ်ယောက်အပါအဝင် စုစုပေါင်း ၁၄ ယောက် ရှိပါတယ်။ ၁၄ ယောက်ရှိတဲ့အထဲမှာ မြန်မာနှစ်ယောက်ကိုပဲ လွတ်မြောက်ဖို့ လုပ်နေတဲ့အတွက် လုပ်ရကိုင်ရတာတာတော့ ကျပ်ကျပ်တည်းတည်းရှိတယ်။ သို့သော်လည်း ကျွန်တော်ထင်ပါတယ်။ ကြိုးစားရင်း ကြိုးစားရင်းနဲ့ အဖြေတွေ ထွက်လာမှာပါ။ ထွက်လာတဲ့ အဖြေတွေအပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ချဉ်းကပ်တဲ့ လမ်းကြောင်းမမှန်ဘူးဆိုရင် နောက်တစ်ခုလမ်းကြောင်းပြောင်း ပြီး ကြိုးစားရင်း လွတ်မြောက်လာမယ်လို့ ထင်ပါတယ်။ ဒီလိုပဲမျှော်လင့်ပါတယ်ခင်ဗျ။ သင်္ဘောသားနှစ်ဦးအတွက် ကျွန်တော်တို့ အလှူငွေက သိန်း ၅၅၀ ကျော်ရပါပြီ။ ဒါပေမဲ့ မလုံလောက်သေးပါဘူး။ အဲဒီအတွက် ကျွန်တော်တို့က ထပ်ပြီးတော့ အလှူခံရဦးမှာ ပါ}}ဟု ၎င်းင်းကပြောသည်။ 
    ၂၀၁၈ ခုနှစ်က Madagascar နိုင်ငံ ရေပိုင်နက်အတွင်း တာဝန်ထမ်းဆောင် နေသည့် သင်္ဘောပေါ်တွင် အဖမ်းခံရပြီး နောက် ပထမအကြိမ် တရားရုံးအမိန့်ချမှတ် ချက်အရ လေးနှစ်ကြာခန့် အကျဉ်းကျခံနေရပြီး ယခုအခါ တရားရုံး ဒုတိယအမိန့်ချမှတ် ပါက နောက်အနှစ် ၂၀ ကျခံရမည့်အခြေအနေဖြစ်နေသောကြောင့် AB မောင်ရန်နောင် ဖြိုးနှင့် Oiler မောင်ထွန်းနောင်တို့အား ပြစ်ဒဏ်ချမှတ်ခြင်းမှ လွတ်မြောက်နိုင်ရန်အတွက် တရားရုံးသို့ ဒဏ်ငွေတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀၀ ခန့်ကုန်ကျ မည်ဖြစ်သောကြောင့် နှစ်ဦးအတွက် စုစု ပေါင်း အမေရိကန် ဒေါ်လာ ၄၀၀၀၀ ဒဏ် ငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိ ရသည်။
    ဖမ်းဆီးခံရသူ မြန်မာသင်္ဘောသား နှစ်ဦးအနက်မှ AB မောင်ရန်နောင်ဖြိုး၏ မိခင် ဒေါ်ပပဝင်းက အလုပ်လုပ်ရင်း ဒီလို အဖမ်းခံရတယ်။ ထောင်ဒဏ်တွေ ချမှတ်ခံရတာတော့ တော်တော်စိတ်မကောင်းဖြစ်ရတယ်။ ဒီကြားထဲမှာတော့ သားတို့နဲ့ ဖုန်းအ ဆက်အသွယ်ရပါတယ်။ သူတို့ဖုန်းသုံးခွင့်ရတဲ့နေ့ဆိုရင် အိမ်ကိုဖုန်းဆက်ပါတယ်။ သူ တို့ကိုတင်ပေးလိုက်တဲ့ ကုမ္ပဏီဘက်ကလည်း ဘာမှမကူညီဘူး။ DMA   ကို တိုင်ထားတာ တောင်မှ သူတို့က ယာယီပိတ်သိမ်းထားတဲ့ ကုမ္ပဏီဖြစ်နေတယ်။ ဘာတာဝန်မှမယူဘူး။ အန်တီ့သားနဲ့အတူ သူတို့နှစ်ယောက်က ပြစ်မှုနှစ်ခုပေါ့။ ပထမတစ်ခုကတော့ ရေပိုင်နက် ကျူးလွန်မှုပေါ့။ အဲဒါကြောင့် သူတို့က သင်္ဘောကို တစ်စီးလုံးဖမ်းထားတယ်။ သူတို့ နှစ်ယောက်တည်း မဟုတ်ဘူး။ သင်္ဘောတစ် စီးလုံးကိုဖမ်းတာ။ သင်္ဘောသားတွေရော၊ သင်္ဘောကိုရော ဖမ်းထားတာ။ အဲဒါကိုသူတို့ က ပထမ ထောင်ဒဏ် ငါးနှစ်ချတယ်။ အဲဒီ ငါးနှစ်က သူတို့က သုံးနှစ်ခွဲကျခံပြီးသွားပြီ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ဘာနဲ့ အဲဒီငါးနှစ်က ပြီးသွားပြီ။  ဒုတိယအမှု သူတို့က မှောင်ခို ပစ္စည်းတင်တယ်ဆိုပြီးတော့ သံသယရှိတဲ့ အမှုပေါ့။ အဲဒါနဲ့ သူတို့က ထောင်ဒဏ်နှစ် ၂၀ ချနိုင်ဖွယ်ရှိတယ်တဲ့။ သူတို့ကို ဟိုဘက် မှာ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တော့ရှိတယ်။ အဲဒီကနေတစ်ဆင့် သိရတာပေါ့နော်။ အန်တီက ီဗြ ကတစ်ဆင့် တိုင်စာတွေ၊ ဘာတွေပို့တယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကို စာတွေပို့တယ်။ အဖမ်းခံရတဲ့သင်္ဘောမှာက မြန်မာဆိုလို့ အန်တီသားနဲ့ ဟိုကလေးတစ် ယောက်ပဲပါတယ်။ ကျန်တာက တရုတ်ကိုးယောက်၊ ဘင်္ဂလားလေးယောက် ပါတယ်လို့ သိရတယ်။ သင်္ဘောပိုင်ရှင်ကလည်း ရှောင် သွားတယ်။ အဖမ်းခံရတာမဟုတ်ဘူး။ တာ ဝန်မယူဘူး။ ရှောင်သွားလို့ ဒီအမှုက အဲဒီလို ကြာနေတာ။ MSF ဘက်ကတော့ အလှူငွေ တွေ ကောက်ခံပေးနေပါတယ်ဟု ၎င်းင်းက ပြောသည်။ 
   Madagasca နိုင်ငံတွင် အကျဉ်းကျခံနေရသည့် ညီနောင်သင်္ဘောသားနှစ်ဦး အတွက် ကူညီပံ့ပိုးနိုင်ရန် မြန်မာနိုင်ငံပင် လယ်ကူးသင်္ဘောသား အလုပ်သမားများအ ဖွဲ့ချုပ် (MSF) မှ ကြေညာချက် ထုတ်ပြန်ထားပြီး အဆိုပါဒဏ်ငွေ အမေရိကန် ဒေါ်လာ ၄၀၀၀၀ စုစည်းရရှိနိုင်ရန်အတွက် ညီ နောင်သင်္ဘောသားများမှ တက်အားသရွေ့ဝန်းရံ လှူဒါန်းပေးပါရန် တိုက်တွန်းထားသည်။ 

Total Views ~ 180

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43789

© 2022 - 2025 News. All Rights Reserved.