Breaking

Miss Grand International 2023 First Runner Up ဆုကို အလှမယ် နီနီလင်းအိမ် ဆွတ်ခူးရရှိ၊ ၂၀၂၄ ခုနှစ် Miss Grand International  ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်ရရှိ

၂၀၂၃  အောက်တိုဘာ ၃၀
    Miss Grand International 2023 Final ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် နီနီလင်း အိမ်သည် MGI 2023 First Runner Up ဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ကာ ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် ]]Miss Grand Inter-national}} ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင် နိုင်ငံအဖြစ် ကျင်းပခွင့်ရရှိခဲ့ကြောင်း သိရသည်။
    ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပခဲ့သည့် Miss Grand International ပြိုင်ပွဲတွင် Miss Grand International 2023 ဆုကို ပီရူးအလှမယ်က ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် နီနီလင်းအိမ်က Top 5 အထိ ပါဝင်ခဲ့ပြီး 1st Runner-up ဆုကိုရရှိခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း ၇၀ မှ အလှမယ်များပါဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
    ထို့သို့ သွားရောက်ယှဉ်ပြိုင်ရာတွင် မြန်မာနိုင်ငံမှ အားပေးနေသည့် ပရိသတ် များကလည်း နီနီလင်းအိမ်အတွက် ဂုဏ်ယူကာ Vote     များ များစွာပေးခဲ့ကြောင်း သိရသည်။
    လင်းလင်းက "နီနီ 1st Runner Up ရတဲ့အတွက် အရမ်းဂုဏ်ယူပါတယ်။ လင်းလင်းကိုယ်တိုင်က Vote မပေးတတ်တဲ့သူ ကိုယ်တိုင် Vote ပေးခဲ့တယ်။ သေချာလေ့လာပြီး သွားရောက်ယှဉ်ပြိုင်တဲ့အခါမှာ အားရကျေနပ်မှု ရှိတယ်။ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ဂုဏ်ယူရတယ်။ ကိုယ်တောင် Miss Grand Myanmar နီနီထွန်းလင်းဆိုပြီးတော့ သူ့ကိုကြည့်ပြီးတော့ Mood ဝင်သွားတယ်။ အဓိကတော့သူ့ရဲ့ ကြိုးစား အားထုတ်မှုတွေ၊ Power တွေကို မြင်ရတော့ ဂုဏ်ယူမိတယ်။ သူ့အတွက် အရမ်းခံပြင်းလို့ ဒေါ်လာ ၁၀၀ ဖိုးလောက် Vote ပေးခဲ့တယ်"ဟု ပြောကြားခဲ့သည်။
    ထက်ထက်ထွန်းကလည်း "ပရိသတ်ရင်ထဲ ရောက်သွားတဲ့ဆုကို နီနီရခဲ့တာပါ။ ထက်ထက် ကတော့ ကျေနပ်ပါတယ်။ အကောင်းဆုံး လုပ်ခဲ့တာကို ဂုဏ်ယူတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ Miss Grand ကပေးတဲ့ သရဖူထက် ပရိသတ်တွေရင်ထဲက လက်ခံတဲ့ သရဖူက ပိုအရေးကြီးတယ်ဆိုတာ နီနီလည်း သိပါတယ်။ ပရိသတ်လည်း သူအကောင်းဆုံး လုပ်ခဲ့တယ်ဆိုတာ သိပြီးသားမို့လို့ ဒီအပေါ်မှာ အားလုံးပေးတဲ့ ဆုက  တန်ဖိုးအရှိဆုံးပါ"ဟု အားပေးပြောကြားခဲ့သည်။
    ထို့အပြင် MGI 2023 ပြိုင်ပွဲတွင် Country of the year နှင့်Miss Popular Vote ဆု နှစ်ဆုကို နီနီလင်းအိမ်က သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။

Total Views ~ 195

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43865

© 2022 - 2025 News. All Rights Reserved.