Breaking

MoU သက်တမ်းပြည့်လုပ်သားများ တရားဝင်နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ထွက်ခွာရန် မြန်မာသံရုံးသတိပေး

၂၀၂၃ အောက်တိုဘာ ၃၀
    MoU သက်တမ်းပြည့်မြောက်၍ မြန်မာနိုင်ငံသို့ပြန်မည့် မြန်မာလုပ်သားများ အနေဖြင့် သတ်မှတ်ထားသည့် နယ်စပ်ဂိတ်များမှ ပြန်လည်ထွက်ခွာရန်နှင့် နိုင်ငံကူးလက်မှတ်တွင် အထွက်တံ ဆိပ်တုံး ရိုက်နှိပ်ရန် ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးမှ အသိပေး ထုတ်ပြန်ထားသည်။
    သံရုံး၏ ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် လာရောက်အလုပ် လုပ်ကိုင်သော မြန်မာလုပ်သားများသည် သတ်မှတ်ကာလ ပြည့်မြောက်ပါက နှစ်နိုင်ငံနယ်စပ်ဂိတ်/စခန်းများမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပြည်လည်ဝင်ရောက်ကြရမည်ဖြစ်ပါသည်။ နယ်စပ်ဂိတ်/စခန်းများသို့ ဖြတ် သန်းချိန်တွင် နိုင်ငံကူးလက်မှတ်၌ အထွက်/အဝင် တံဆိပ်တုံးများကို နှစ်နိုင်ငံလူဝင်မှု ကြီးကြပ်ရေး အဖွဲ့များမှ ရိုက်နှိပ်ခြင်း၊ စာရင်း ပယ်ဖျက်ခြင်း ပြုလုပ်ကြရမည်ဟု ဖော်ပြထားသည်။
    အချို့သော မြန်မာလုပ်သားများသည် နယ်စပ်ဂိတ်/စခန်းများမှတစ်ဆင့် ပြန်လည်ဝင်ရောက် ခြင်းမပြုသဖြင့် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ စာရင်းတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် သက်တမ်း ကျော်လွန်နေထိုင်သူ(Over-Stay) စာရင်းဝင်နေကြပြီး မြန်မာလုပ်သားများအနေဖြင့် နောက်တစ်ကြိမ် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် ပြန်လည်ဝင်ရောက်လာရာတွင် ထိုင်းနိုင်ငံအဝင်၊ နယ်စပ်ဂိတ်လူဝင်မှုကြီးကြပ်ရေး အဖွဲ့မှ စစ်ဆေးချိန်၌ နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေထိုင်သူဖြစ် နေကြောင်း တွေ့ရှိရသဖြင့် ဒဏ်ငွေပေးဆောင်ရခြင်း၊ အရေးယူခြင်း၊ ဝင်ခွင့်ကန့်သတ်ခြင်း စသည်တို့ ကို တွေ့ကြုံနေကြကြောင်း သိရသည်။
    "ဝင်တုန်းကတော့ MoU နဲ့ပေါ့ဗျာ။ တရားဝင် ဝင်ရောက်လုပ်ကိုင်ကြတာပဲ ပြန်တော့ နီးစပ်ရာ ကပြန်ပြီး နိုင်ငံကူးလက်မှတ်မှာ အထွက်တုံး မရိုက်သွားတော့ Over Stay တွေ ဖြစ်နေတယ်။ နောက်တစ်ခုအလုပ် ပဲပြန်လာလာ၊ ပြန်ပြီးတော့ပဲ လာရောက် လည်ပတ်တဲ့အခါ အရေးယူခံရတယ်။ ဒါကို သတိထားဖို့လိုတယ်"ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံလုပ်သားအရေး ဆောင်ရွက်နေ သူတစ်ဦး က ပြောသည်။
    MoU လုပ်သားများအနေဖြင့် သက်တမ်းပြည့်ပါက သတ်မှတ်နယ်စပ်ဂိတ်/စခန်းများမှ မြန်မာနိုင်ငံ သို့ ပြန်လည်ထွက် ခွာကြရန်နှင့် နိုင်ငံကူးလက်မှတ်တွင် ထိုင်းနိုင်ငံ၏ အထွက်တံဆိပ်တုံး ရိုက်နှိပ်ခြင်း ကို ဆောင်ရွက်သွားကြရန် သံရုံးမှ အသိပေး ထားသည်။

Total Views ~ 234

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43875

© 2022 - 2025 News. All Rights Reserved.