၂၀၂၃ ၊ စက်တင်ဘာ ၁၅
NCA စာချုပ်ကို KNU ကရင်အမျိုးသားအစည်းအရုံးမှ တရားဝင်ပျက်ပျယ်ကြောင်း ထုတ်ပြန်ကြေငြာခြင်းမရှိသည့်အပြင် နယ်မြေဒေသ တည်ငြိမ်ရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေး ရရှိရေးအတွက် NCA ကို အခြေခံလျက် ပြည်သူ့အကျိုးကိုရှေ့ရှု၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာအဖြေရှာလာနိုင်ကြရေးအတွက် ဆောင်ရွက်သွားမည်ဟု KNU ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇) ဘားအံခရိုင်မှ စက်တင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။
NCA ခေါ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် သဘောတူချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာနိုင်ရေးသည် KNU ကရင်အမျိုးသားအစည်းအရုံး၏ တစိုက်မတ်မတ်တောင်းဆိုလာရာမှ ပေါ်ပေါက်လာသော စာချုပ်ဖြစ်ကြောင်းသလို NCA စာချုပ်ကို ချုပ်ဆိုင်နိုင်ရန်နှင့် NCA စာချုပ်ခိုင်ခိုင်မာမာ သက်ဝင်ချုပ်ဆိုထားနိုင်ရန် ပြည်တွင်းနှင့် နိုင်ငံတကာအသိသက်သေများရှေ့တွင် ချုပ်ဆိုထားသောစာချုပ်တစ်ရပ်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် KNU ကရင်အမျိုးသားအစည်းအရုံးနှင့်မြန်မာအစိုးရကြား ဆန့်ကျင်တိုက်ခိုက်လာရသည့်အကြောင်း အရင်းသည် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းအရ အဖြေမရှာဘဲ စစ်ရေးနည်းဖြင့် အဖြေရှာလာခြင်းမှ ဖြစ်ပေါ်လာရသော ပြသနာကြီးကြောင့် နှစ်(၇ဝ)ခန့် စစ်ပွဲအတွေ့ အကြုံ ကို အခြေခံ၍အဖြေရှာခဲ့ရာ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်တွေ့ဆုံအဖြေရှာခြင်းသည် အကောင်းဆုံးဖြစ်သည့် ဆုံးဖြတ်ချက် တရပ်ရရှိလာသည့်အပေါ် KNUကွန်ကရက်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လမ်းစဉ်၊ လုပ်ငန်းစဉ်နှင့်ရှေ့လုပ်ငန်းစဉ်တွင် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် အတိအလင်း ဖေါ်ပြထားပြီးဖြစ်ကြောင်း၊ KNU ကရင်အမျိုးသားအစည်းအရုံးမှ မိမိနိုင်ငံရေး ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် ဖယ်ဒရယ်ဒီမို ကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးသဘောထားများအား NCA စာချုပ်တွင် အခြေခံအားဖြင့် ထားရှိနိုင်ရေးအတွက် ထည့်သွင်းထားပြီးဖြစ်ကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)ဘားအံခရိုင်ဥက္ကဌစောအောင်မော်ဧ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။