Breaking

NCA နှစ်ပတ်လည်နေ့ အခမ်းအနား၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး နောင်ကျင်းပမည့် အခမ်းအနားများတွင် ပြုပြင်ဆောင်ရွက်သွားမည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ပြော

၂၀၂၃  အောက်တိုဘာ ၂၄
    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး  နောင်ကျင်းပမည့် အခမ်းအနားများတွင် ပြုပြင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း NCA နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးရာပြည့်က ပြောကြားလိုက်သည်။
    NCA(၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၂၃ရက်က နေပြည်တော်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အချိန်ကိုက်အပိုအလိုမရှိ ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းကော်မတီများအချင်းချင်း ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ NCA နှစ် ပတ်လည်နေ့ အခမ်းအနား၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး တွေ့ရှိရသည့် အားနည်းချက်များအား နောင်ကျင်းပမည့် အခမ်းအနားများတွင် ပြုပြင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း NCA နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နစကအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ထည့်သွင်းပြောကြားခဲ့သည်။
    ယင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်း ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ  အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီတွင် ပါဝင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

Total Views ~ 166

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43869

© 2022 - 2025 News. All Rights Reserved.