NLD ပါတီဝင်ဟောင်းများ NDF ပါတီသို့ ပူးပေါင်းမှုများ ရှိနေ

ရန်ကုန်၊ ဇွန် ၂၃
    ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုအနေဖြင့် နိုင်ငံရေးပါတီအသီးသီးမှ တိုင်းဒေသကြီး ပြည်နယ်များတွင် ပါတီရုံးခွဲများ ဖွင့်လှစ်လျက်ရှိရာ ယခင် NLD ပါတီဝင်ဟောင်းများအနေဖြင့် မိခင်ပါတီ ပြန်လည် မရပ်တည်နိုင်သည့်အတွက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) သို့ ဝင်ရောက်ပူးပေါင်းခဲ့ပြီး ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း NDF ပါတီဒုတိယဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ပြောသည်။
    "ကျွန်တော်တို့ အခု တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ရုံးခန်းတွေ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းတဲ့အခါမှာ ဝမ်းသာစရာက NLD ပါတီဝင်တွေ ပူးပေါင်းလာကြတာပဲ။ တစ်သက်လုံး ပဲခူးတိုင်းမှာ ပါတီရုံးခန်းက သုံးမြို့နယ်မှာပဲ ဖွင့်လာနိုင်တာ။ ခုဆိုရင် သူတို့ရဲ့ အကူအညီနဲ့ ပဲခူးတိုင်းအနောက်ခြမ်းတွေမှာပါ ဖွင့်လှစ်ဖို့ဆောင်ရွက်တော့မှာပါ။ ဧရာဝတီတိုင်းက NLD ပါတီဝင်တွေနဲ့လည်း သဘောတူညီမှုရပြီးပါတီ လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမှာပါ"ဦးထက်အောင်ကျော်က ပြောသည်။
    NDF ပါတီအနေဖြင့် မေလနှင့် ဇွန်လတွင် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း၌ ပါတီရုံးခန်းများ ပြန်လည် ဖွင့်လှစ်ခြင်း၊ အသစ်တိုးချဲ့ဖွင့်လှစ်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲပါတီ၏ ထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၂၇ ပါတီရှိပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည် ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ ၅၀ စုစုပေါင်း ၇၇ ပါတီ ရှိပြီ ဖြစ်ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45802

© 2022 - 2025 News. All Rights Reserved.