Breaking

NUG CRPH  PDF အမည်ခံအကြမ်းဖက် အဖွဲ့များက ဒီမိုကရေစီအရေးထက် အလုံး စုံပျက်သုဉ်းရေး၊ အာဏာရရှိရေးကို ဦးတည် ပြီးဆောင်ရွက်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

၂၀၂၃ ဒီဇင်ဘာ ၅
    NUG, CRPH, PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ဒီမိုကရေစီအရေးထက် အလုံးစုံပျက်သုဉ်းရေး၊ အာဏာရရှိရေးကို ဦးတည်ပြီးဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်းကပြောသည်။
    " NUG, CRPH, PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ သူတို့အမြဲ တမ်းပြောဆိုနေတဲ့ ဒီမိုကရေစီအရေးဆိုတာထက် မြန်မာနိုင်ငံမှာ အလုံးစုံပျက်သုဉ်းရေး သူတို့အာဏာရရှိရေးကို ဦး တည်ပြီးဆောင် ရွက်နေတာဖြစ်ပါတယ်။
    ကျွန်တော်တို့မြန်မာပြည်သူလူထု လိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ ပါးစပ်ကနေပြီး ပြောရုံသက်သက်ပဲရှိပါတယ်။ လက်တွေ့မှာတော့ သူတို့သွားနေတဲ့လုပ်ငန်း တွေသည် လူသတ်၊ မုဒိမ်းကျင့်၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး၊ ပြည်သူလူထုပိုင် အဆောက်အအုံတွေ၊ လမ်းတံတားတွေကို ဖြတ်တောက် တာတွေ၊ မိုင်းထောင်ဖောက်ခွဲတာတွေ၊ ပြည် သူလူထုတစ်ရပ်လုံးနဲ့ဆိုင်တဲ့ လျှပ်စစ်တာဝါ တိုင်တွေကို ချိုးတာတွေ၊ ဆက်သွယ်ရေးတာ ဝါတိုင်တွေကိုချိုးတာတွေ၊ လက်တွေ့မှာ ဒီအဖျက်လုပ်ငန်းတွေပဲ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီအဖျက်သမားတွေရဲ့ ပါးစပ်က ထွက်တဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ယုံစားမိရင်တော့ ဒီအဖျက်သမားတွေနဲ့အတူ ပျက်သုဉ်းသွားရမှာ ဖြစ်တယ်လို့ပဲ ပြောချင်ပါ တယ်"ဟု ၎င်းကပြောသည်။
    ဒီဇင်ဘာ ၃ ရက်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ချက် တွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုထားခြင်းဖြစ် သည်။ 

Total Views ~ 166

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43929

© 2022 - 2025 News. All Rights Reserved.