Breaking

Online Sales များအား မှတ်ပုံတင်ကြေး စတင်ကောက်ခံ

၂၀၂၄ ဇန်နဝါရီ  ၁
    အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချခြင်း (Online Sales) လုပ်ငန်းများအား လုပ်ငန်းမှတ်ပုံတင်ရာတွင် မှတ်ပုံတင်ကြေး ကောက်ခံခြင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစကာ စတင်သွားမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထားသည်။
    ယခင်က ကုန်သွယ်ရေးဦးစီးဌာနသည် Online Sales လုပ်ငန်း မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် စတင်ခွင့်ပြုခဲ့ပြီး နှစ်ကုန် ဒီဇင်ဘာ ၃၁ ရက် အထိ မှတ်ပုံတင်သော Online Sales လုပ်ငန်းများကို သက်တမ်းခြောက်လသတ်မှတ်ကာ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့် ပြုထားသည်။
    သို့သော် ယခု ၂၀၂၄ ခုနှစ် ဇန်န ဝါရီ ၁ ရက်မှစ၍ လုပ်ငန်းမှတ်ပုံတင်မည့် Online Sales များကို မှတ်ပုံတင်ကြေး စတင် ကောက်ခံမည်ဖြစ်ပြီး လုပ်ငန်းမှတ်ပုံတင်ကို သက်တမ်းနှစ်နှစ်အထိ ခွင့်ပြုပေး မည်လည်းဖြစ်သည်။
    မှတ်ပုံတင်ကြေးအဖြစ် ပုဂ္ဂိုလ်တစ် ဦးချင်းအတွက် ကျပ် ၃၀၀၀၀၊ SME လုပ် ငန်းဆိုင်ရာ အသိအ မှတ်ပြု အထောက်အထားပါရှိသော ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့ အစည်းအတွက် ကျပ် ၅၀၀၀၀ ၊ ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းအတွက် ကျပ် ၇၀၀၀၀ သတ်မှတ်ထားသည်ဟု သိရသည်။
    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အွန်လိုင်းမှရောင်းချခြင်း (Online Sales) ကို အရေးကြီးကုန်စည် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီး မှတ်ပုံတင်မရှိဘဲ အွန်လိုင်း ပေါ်တွင် ဈေးရောင်းပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ဒဏ်ငွေ ကျပ် ၅၀၀၀၀၀ ဖြစ်စေ၊ ထောင်ဒဏ်ခြောက်လမှ သုံးနှစ်ထိဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

Total Views ~ 185

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43942

© 2022 - 2025 News. All Rights Reserved.