PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား စောင့်ကြည့်သတင်းပေးမှု၊ မိုင်းထောင်မှုတိုတွင် ပါဝင်ခဲ့သူ PDF အကြမ်းဖက်တစ်ဦးကို ရတနာပုံတံတား(ဧရာဝတီ) ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိ 

၂၀၂၃ ၊ မတ်လ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ ရတနာပုံတံတား(ဧရာဝတီ)ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံသို လုံခြုံရေးတပ်ဖွဲဝင်များ၏ လှုပ်ရှားမှုများအား စောင့်ကြည့်သတင်းပေးပိုခြင်း၊ မိုင်းထောင်ခြင်းတို ပြုလုပ်ရာတွင်ပါဝင်ခဲ့သူ PDF အကြမ်းဖက်သောင်းကျန်းသူတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ (မတ်လ ၁၇ )နံနက် ၁၀ နာရီခန့်တွင်  စစ်ကိုင်းမြို့၊ ရတနာပုံတံတား(ဧရာဝတီ)ပူးပေါင်းစစ်ဆေးဂိတ်၌ ပူးပေါင်းလုံခြုံရေးအဖွဲ့များမှ ရှာဖွေ စစ်ဆေးစဉ် မန္တလေးမြို့မှမုံရွာမြို့ဘက်သို ယာဉ်မောင်း ထွန်းနိုင် ၄၃ နှစ်၊ အောင်မြေသာစံ မြို့နယ်နေသူမောင်းနှင်လာသည့် အောင်နိုင်သူခရီးသည်တင် မှန်လုံယာဉ်အမှတ်၊ MDY6L-1984 ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဇင်ဝင်းကျော် ၂၂ နှစ်၊  ထုံးဘိုကျေးရွာ၊ စစ်ကိုင်းမြို့နေသူ၏ လက်ကိုင်ဖုန်းအတွင်းမှ မောင်းပြန်သေနတ်၊ လက်လုပ်သေနတ်ကိုင်ဆောင် ရိုက်ကူးထားသည့်ဓာတ်ပုံများ၊ လက်လုပ်စိန်ပြောင်းနှင့် လက်လုပ်သေနတ်ဓာတ်ပုံများအား တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းသို တွေ့ရှိခဲ့သည့်အတွက် စစ်ဆေးခဲ့ရာ ၎င်းသည် လွန်ခဲ့သော ၃ လ ခန့်က တစ်ရွာတည်းနေသူများဖြစ်ကြသော မြတ်သူ၊ အေးချမ်းအောင်၊ သားကြီး (ခ)ရန်မျိုးအောင်၊ သားငယ်(ခ)ရန်မျိုးကျော်၊ ဇော်အောင်၊ ဝေလင်းအောင်တိုသည် စစ်ကိုင်းမြိုနယ်၊ အုန်းသဇင်ကျေးရွာနေ ဘူးသီး၊ ခေါကြီးတိုနှင့်အတူ ထုံးဘိုကျေးရွာ၌ PDF အကြမ်းဖက်သောင်းကျန်းသူ အေကေဇော်မျိုးလွင်၊ ဒိုးလုံးနှင့် တီကောင်တို ၃ ဦးမှ သင်ကြားပေးသည့် PDF အကြမ်းဖက်သင်တန်းသို တက်ရောက်ခဲ့ပြီး သင်တန်း ဆင်းပြီးနောက် ကျေးရွာအတွင်း ကင်းစောင့်ခြင်း၊ လုံခြုံရေးတပ်ဖွဲဝင်များ၏ လှုပ်ရှားမှုများ အား စောင့်ကြည့်သတင်းပေးခြင်း၊ မိုင်းထောင်ခြင်းတို ပြုလုပ်ခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ဥပဒေအရအရေးယူနိုင်ရေး သက်ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Total Views ~ 225

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43343

© 2022 - 2025 News. All Rights Reserved.