၂၀၂၃ နိုဝင်ဘာ ၂၀
ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဌာနချုပ်နယ်မြေအတွင်းက IDP စခန်းသို့ လွိုင်ကော်မှ စစ်ရှောင်များ လာရောက်ခိုလှုံလျက်ရှိပြီး လတ်တလော အခြေအနေအရ လူဦးရေ ၂၀၀ မှ ၃၀၀ အထိ လက်ခံထားနိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ တောင်ကြီး မြို့ ဆက်ဆံရေးရုံး ဒုတာဝန်ခံဗိုလ်ကြီးခွန်တီးလားက ပြောသည်။
"ကျွန်တော်တို့ စောင့်ရှောက်ထားတဲ့ တစ်နေရာတော့ ရှိတယ်။ ကျွန်တော်တို့ ဌာနချုပ်နဲ့ အလှမ်းနည်းနည်းဝေးတယ်။ ပြီး ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်က ကယားမှာတစ်ကျော့ ဖြစ်ခဲ့ဖူးတယ်။ အဲဒီ IDP စခန်းနေရာမှာပဲ ထားပြီးတော့ စောင့်ရှောက်ထားပါတယ်။ ရောက်လာတဲ့ စစ်ရှောင်တွေကို နေရာအ ဆင်ပြေဖို့ အိမ်ပုံစံဆောက်ထားတာရှိတယ်။ တစ်မိသားစုကို တစ်နေရာ၊ တစ်နေရာနေ လို့ရအောင် သွပ်မိုး၊ သစ်ကာဆောက်ပေးထားတယ်။ နေဖို့စားဖို့အဆင်ပြေအောင်၊ ဆေးဝါးကုသမှုတွေနဲ့ ထားပါ တယ်။ မီး၊ ရေ အဆင်ပြေအောင် လုပ်ထားပေးပါတယ်။ လူဦးရေကတော့ ကျွန်တော်က တောင်ကြီးက နေ ဆီဆိုင်ကိုပို့ပေးဖို့ ဆီဆိုင်ရောက်ရင် ဆီဆိုင်ရုံးတာဝန်ခံက စခန်းရောက်ဖို့ တာဝန်ယူထားအပိုင်း တွေ ခွဲခြားထားပါတယ်။ တချို့ကအင်းလေးရောက်တယ်။ တချို့က အောင်ပန်းရောက်တယ်။ ညောင် ရွှေ၊ ဟိုပုံးစသည်ဖြင့် ဆက်သွယ်လာပါတယ်။ တချို့တောင်ကြီးကို ရောက်ပြီးမှအဲဒီမှာ နေဖို့ထိုင် ဖို့ အဆင်မပြေလို့ ဆက်သွယ်လာတာ ရှိတယ်။ အဲဒီလို ဆက်သွယ်လာရင် ကျွန်တော်က မေးတယ်။ ကိုယ်ပိုင်ကားပါလား။ မပါဘူးလား။ ကျွန်တော်တို့ စခန်းမှာတော့ ဒီလိုဒီလို အခြေအနေရှိတယ်။ တခြားနေရာမှာတော့ ကျွန်တော်တို လုပ်ပိုင်ခွင့်မရှိဘူး။ ကျွန်တော်တို အခြေချတဲ့ နေရာမှာတော့ အေးအေးလူလူ နေရတယ်။ စိတ်ဝင်စားတယ်။ သွားဖို့ဆုံးဖြတ်မယ်ဆိုရင် ကျွန်တော်က ဆီဆိုင်တာ ဝန်ခံနဲ့ ချိတ်ဆက်ပေးတယ်။ ကိုယ်ပိုင်ကားပါရင် ဆီဆိုင်ကိုရောက် အောင်သွားကြ။ ကိုယ်ပိုင်ကားမပါ ရင် တောင်ကြီးကနေ လိုင်းကားစီး၊ ဆီဆိုင်ကနေ ကျွန်တော်တို့ စခန်းကို ပို့ပေးမယ်။ အဲဒီလို ဆောင်ရွက်ပေးပါတယ်။ လွိုင်ကော် ကနေလာကြတာများတယ်။ တချို့ကတောင် ကြီးမှာ မိတ်ဆွေတွေရှိတယ်။ အမျိုးတွေရှိ တယ်ဆိုပြီးတော့ လာကြတယ်။ တောင်ကြီး မှာက လက်မခံနိုင်တဲ့ အခြေအနေဖြစ်တော့ ပခုက္ကူတို့၊ ပုဂံတို့ ဘက်တွေကို ပြန်သွားကြတယ်။ လက်ခံလို့ရတဲ့ အတိုင်းအတာကတော့ လောလောလတ်လတ်နေရာမှာ နဂိုဆောက် ထားပြီးသား အဆောက်အအုံတွေ နဲ့ဆိုရင် လူဦးရေ ၂၀၀ ကနေ ၃၀၀ အထိ လက်ခံလို့ ရတယ်။ နောက်ထပ်လက်ခံလို့ရအောင် အဆောက်အအုံပစ္စည်းတွေ အရံအတား ထားထားတာရှိပါတယ်။ နေရပ်ပြန်ချင်တဲ့ သူတွေကိုလည်း လွတ်လွတ်လပ်လပ်သတင်းပေးပြီး သွားကြပါတယ်။ စစ်ရှောင်တွေ အတွက် လုံလုံလောက်လောက်နဲ့ ကျွန်တော်တို့ တာဝန်ယူတဲ့ အပိုင်းမှာလည်း စိတ်ချမ်းချမ်း သာသာရှိဖို့ အပူအပင်တွေနဲ့ ရောက်လာတဲ့ သူတွေအတွက် လုံလုံလောက်လောက်ရှိဖို့ စာရေးသောက်ရေး အိပ်ရာထိုင်ခင်း အဆင်ပြေဖို့ ဆေးဝါးကုသမှု စောင့်ရှောက်တဲ့အပိုင်းမှာ ကျွန်တော်တို့ ဌာနချုပ်မှာ သုံးနေတဲ့ ဆေးဝါးတွေ ပြတ်လပ်တာ ရှိတတ်တယ်။ အဲဒီလိုဆိုတော့ တခြားအလှူရှင်တွေလည်း ဖိတ်ခေါ်ချင်ပါတယ်။ နောက်ထပ် စစ်ရှောင်တွေများလာရင် လိုအပ်ချက်တွေရှိလာနိုင်ပါတယ်"ဟု ၎င်းက ပြောသည်။
စစ်ရှောင်များအနေဖြင့် ဆီဆိုင် မြို့ PNLO ဆက်ဆံရေးရုံးသို့ ဆက်သွယ်လာရောက်ကြသည်မှာ ပျမ်းမျှရာဂဏန်းရှိပြီ ဖြစ် ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၏ ဆီဆိုင်မြို့ ဆက်ဆံရေး ရုံးတာဝန်ခံ ဆရာခွန်ထွန်းက ပြောသည်။
"ကျွန်တော်တို့ကတော့ ကယား ပြည်နယ်၊ ကရင်နီပြည်နယ်ကနေ ဆက်သွယ်မေးမြန်းတာတွေ ပိုများပါတယ်။ အရင် တစ်ခေါက်ကလည်း ရှိခဲ့ဖူးတော့ ဒီတစ် ခေါက်ကျတော့ သိပ်ပြီးခက်ခက်ခဲခဲ မရှိပါ ဘူး။ အခုလောလောဆယ်တော့ နည်းနည်း ချင်းဆီဖြစ်နေတယ်။ နေရာချထားရေးကို စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော် မတီဖွဲ့ထားတယ်။ နေထိုင်၊ စားသောက်ဖို့ စီစဉ်ပေးထားတယ်။ ရေတွေလည်း သွယ် တန်းပေးထားတယ်။ ခုလောလောဆယ် လူ ဦးရေကို စာရင်းမချုပ်ရသေးဘူး။ ပျမ်းမျှ ကျွန်တော့်ဆီ ရောက်လာတာတော့ ရာဂဏန်းတော့ရှိပြီ။ ကျန်တဲ့ လမ်းကြောင်းတွေ လည်းရှိသေးတော့ စာရင်းအချုပ်ကို ပြောလို့ မရသေးဘူး။ ဆောင်းရာသီဖြစ်တော့အဝတ် အထည်နဲ့ စားနပ်ရိက္ခာတော့ လူဦးရေများ လာရင် လိုအပ်ချက် ရှိလာနိုင်ပါတယ်၊ စစ် ဘေးရှောင်တွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ PNLOမှ မဟုတ်ဘူး။ အခြားခြားသော အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းကူ ညီပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်"ဟု ၎င်းက ပြောသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ စတင်ကာ ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ပတ်ဝန်းကျင်တွင် KNDF အပါအဝင် လက်နက်ကိုင်များနှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲအရှိန်အဟုန် ပြင်းထန်လာခဲ့ရာ ရှမ်းပြည်အတွင်းသို့ တိုင်းရင်းသားပြည်သူများ စစ်ရှောင်လာကြကြောင်း၊ ကယားပြည်နယ်၊ ကရင်နီပြည်နယ်မှ စစ်ရှောင်လာကြသည့် လူမျိုးပေါင်းစုံကို ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO)၏ အခြေပြုဒေသများတွင် လာရောက်ခိုလှုံနိုင်ကြောင်း PNLO မှ ထုတ်ပြန်ထားသည်။
PNLO အနေဖြင့် စစ်ရှောင်များကို လုံခြုံရေး၊ စားဝတ်နေရေး၊ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ အကူအညီများကို NCA ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးရန် ကူညီကယ်ဆယ် ရေးအဖွဲ့ကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရ သည်။