Breaking

RCEP သဘောတူစာချုပ်သည် ဒေသတွင်း ကုန်သွယ်မှုအခွင့်အလမ်းသစ်များ ဖန်တီးပြီး စီးပွားရေး ပြန်လည်ထူထောင်မှုကိုလည်း အရှိန်မြှင့်တင်ပေးနိုင်မည်

၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၇
    ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Compreh-ensive Economic Partnership – RCEP) သဘောတူစာချုပ်သည် ပွင့်လင်း၍ အားလုံးပါဝင်သည့် စည်းမျဉ်းအခြေခံနိုင်ငံစုံ ကုန်သွယ်ရေး စနစ်တစ်ခုဖြစ်ပြီး ဒေသတွင်းကုန် သွယ်မှုအခွင့်အလမ်းသစ်များကို ဖန်တီး၍ စီးပွားရေး ပြန်လည်ထူထောင်မှုကိုလည်း အရှိန်မြှင့်တင်ပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။
    မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် အကောင်အထည် ဖော်ခွင့်ရရှိခဲ့သော စီမံချက်ဖြစ်သည့် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ် အကောင်အထည်ဖော်ရေးအတွက် အသိပညာပေးခြင်းနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်ရှိ Horizon Lake View Resort  ၌ ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
    ထို့အပြင် အဆိုပါ ဆွေးနွေးပွဲသည် RCEP သဘောတူစာချုပ်ကို ပိုမိုနားလည်သဘောပေါက်နိုင်စေရန်နှင့် အသုံးပြုမှု ပိုမိုမြင့်မားလာစေရန်တို့အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ပါ အကောက်ခွန်နှင့် ပင်ရင်းနိုင်ငံ စည်းမျဉ်းတို့ကို နားလည်ခြင်းအားဖြင့် အကောက်ခွန်သက်သာခွင့် အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှရရှိခဲ့သည့် ဗဟုသုတများနှင့် အတွေ့အကြုံများကို အသုံးပြု၍ ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အစိုးရအရာထမ်းများနှင့် ပုဂ္ဂလိကကဏ္ဍကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံ ဇော်က တိုက်တွန်း ပြောကြားခဲ့သည်။
    တရုတ်နိုင်ငံသည် RCEP သဘောတူစာချုပ်အား အရည်အသွေးမြင့်များစွာဖြင့် အကောင်အထည်ဖော်နိုင်ရန် အစဉ်အမြဲ မြှင့်တင်ပေးလျက်ရှိပြီး ဈေးကွက်ဖွင့်လှစ်မှု ကတိကဝတ်များအပါအဝင် အကောက်ခွန်လျှော့ချရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ချက်များတွင် တက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိကြောင်း RCEP အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား စုစုပေါင်းကုန်သွယ်မှုသည် သဘောတူစာချုပ် အသက်မဝင်မီ ၂၀၂၁ ခုနှစ် နှင့်နှိုင်းယှဉ်လျှင် ၂၀၁၃ ခုနှစ်တွင် ယွမ် ၁၂ ဒသမ ၆ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး ၅ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယွမ် ၆ ဒသမ ၄၁ ထရီလီယံသို့ ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mr. Zheng Zhihong က ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
    အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီးMr. Zheng Zhihong နှင့် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံ သံရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကျွမ်းကျင်ပညာရှင်များ၊ ဘာ သာရပ်ဆိုင်ရာဝန်ကြီးဌာန ၁၀ ခုတို့မှအဆင့်မြင့် အရာရှိကြီးများ၊ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။
    ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍအပါအဝင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကဏ္ဍအသီးသီးတွင် အမေရိကန် ဒေါ်လာ ၃၁ သန်းကျော်တန်ဖိုး ရှိ စီမံကိန်း ၁၀၆ ခုကို ယနေ့အထိ လက်ခံ ရရှိထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

Total Views ~ 200

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43967

© 2022 - 2025 News. All Rights Reserved.