Breaking

Ruili Airlines မှ ရန်ကုန်-နန်နင်း တိုက်ရိုက် လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲ

ရန်ကုန်၊ ဇူလိုင် ၂
    Ruili Airlines ၏ ရန်ကုန်-နန်နင်း-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲပြီဖြစ်ကြောင်း သိရသည်။
    အဆိုပါ Ruili Airlines ၏ ရန်ကုန် - နန်နင်း-ရန်ကုန် တိုက်ရိုက်လေကြောင်း ခရီးစဉ် ပြန်လည်ပြေးဆွဲမှုကို ၂၀၂၄ခုနှစ် ဇူလိုင်လ ၁ ရက်မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေး ဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
    ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်အနေဖြင့် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့မှ ပျံသန်းဆိုက်ရောက်လာသော Ruili Airlines ၏ လေယာဉ်အမှတ် - DR 5019 အား ကြိုဆိုခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆိုက်ရောက်ခရီး သည်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
    Ruili Airlines မှ ရန်ကုန်မြို့နှင့် နန်နင်းမြို့အကြား အပတ်စဉ် တနင်္လာနေ့တိုင်း (တစ်ပတ်လျှင် တစ်ကြိမ်) တိုက်ရိုက် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို https://www.rlair.net အတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။ 

Total Views ~ 251

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43848

© 2022 - 2025 News. All Rights Reserved.