ရန်ကုန်၊ စက်တင်ဘာ ၄
The Myanmar National Demo-cratic Alliance Army (MNDAA) လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့၊ Ta'ang National Liberation Army(TNLA) လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့် United League of Arakan(ULA)? Arakan Army (AA) လက်နက်ကိုင်အဖွဲ့တို့အား အကြမ်းဖက်အဖွဲ့ အစည်းများအဖြစ် ထုတ်ပြန်ကြေညာလိုက် သည်။
ထုတ်ပြန်ချက်များအရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၂၄ အရ အကြမ်းဖက်မှုတိုက် ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေပုဒ်မ(၆) ပုဒ်မခွဲ (င) နှင့် ပုဒ် မ ၇၂၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူ ညီချက်ဖြင့် အမိန့်ကြော်ငြာစာကို ထုတ်ပြန် လိုက်သည်။
အဆိုပါ အမိန့်ကြော်ငြာစာတွင် The Myanmar National Democratic Alliance Army (MNDAA) လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့် Ta'ang National Liberation Army(TNLA) လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့တို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်သည့် အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီး သော အခြေခံအဆောက် အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအ ဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲ ဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများ ကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စု ဆောင်းခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက် ရှိကြသည်။ ထို့အပြင် နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော်ကို အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိရာ အဆိုပါလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့တို့ကို အကြမ်းဖက်အုပ် စုအဖြစ် ကြေညာလိုက်ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်မှုတိုက် ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအ မှတ် ၂/၂၀၂၄ အရ အကြမ်းဖက်မှုတိုက်ဖျက် ရေးဗဟိုအဖွဲ့သည် United League of Arakan(ULA)? Arakan Army (AA) လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်မှုတိုက်ဖျက် ရေးဗဟိုအဖွဲ့၏ ၂၃-၃-၂၀၂၀ ရက်စွဲပါ အ မိန့်ကြော်ငြာ စာအမှတ် (၁/၂၀၂၀)ဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပါသည်။ သို့ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့် ဦးတည်ချက် ကိုးရပ်တို့နှင့်အညီ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး တည်ဆောက်နိုင်ရန်အတွက် အကြမ်းဖက်မှုတိုက် ဖျက်ရေးဗဟိုအဖွဲ့၏ ၁၁-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁)ဖြင့် ယင်းအဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းပေး ခဲ့သည်။
အဆိုပါ United League of Arakan (ULA)? Arakan Army (AA) လက် နက်ကိုင်အဖွဲ့သည် အကြမ်း ဖက်မှုတိုက်ဖျက် ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်သည့် အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက် အိုးအိမ် စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများ ကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင် ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများ ကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ် ဖြတ်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်း စသည့် အကြမ်း ဖက်လုပ်ရပ်များကို ပြန်လည်ကျူး လွန်လာခဲ့သည့်အပြင် နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော်ကို အကြမ်း ဖက်မှုများ ဆက်လက် ကျူးလွန်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟို အဖွဲ့၏ ၁၁-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော် ငြာစာအမှတ် (၁/၂၀၂၁)ဖြင့် ယင်းအဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည် ရုပ်သိမ်း ပေးခြင်းကို ပယ်ဖျက်၍ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ လိုက်ကြောင်းသိရသည်။ ထူးမြတ်