၂၀၂၃ စက်တင်ဘာ ၁၁
ထိုင်းနိုင်ငံတွင် U-Turn စနစ်ဖြင့် လာရောက် အလုပ်လုပ်ကိုင်နေသော PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာလုပ်သားများအား နိုင်ငံကူးလက်မှတ် နှစ်နှစ်နှင့်အထက် ကျန်ရှိပါက MoU/U-Turn စနစ်ဖြင့် ထိုင်းနိုင်ငံသို့ ရက်တိုတိုအတွင်း ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် မြဝတီမြို့နှင့် ကော့သောင်းမြို့တို့၌ စက်တင် ဘာလ ၁၁ ရက်မှစတင်ကာ နေ့စဉ်လုပ်သား တစ်ထောင်ခန့် One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
အဆိုပါ လုပ်ငန်းစဉ်ကို မြဝတီမြို့ နှင့် ကော့သောင်းမြို့တို့၌ One Stop Service လုပ်ငန်းအဖွဲ့ဖြင့် ပြုလုပ်ပေးနေပြီး တစ်ရက်လျှင် မြန်မာလုပ်သား မြဝတီမြို့၌ ၇၀၀ ခန့်အားလည်းကောင်း၊ ကော့သောင်းမြို့၌ ၃၀၀ ခန့်အားလည်းကောင်း နေ့ချင်းပြီး U-Turn ပြုလုပ်ပေးနေကြောင်း သိရသည်။
နှစ်နိုင်ငံ အလုပ်သမားဝန်ကြီး ဌာနမှ တာဝန်ရှိသူများသည် U-Turn ကိစ္စအား အစည်းအဝေးပြုလုပ်ခဲ့ပြီး ရက်တိုတိုဖြင့် ဆောင်ရွက်နိုင်ရန် လုပ်ငန်းစဉ်များကို ညှိနှိုင်းခဲ့ရာ ထိုင်းအလုပ်ရှင်မှ အလုပ်ခေါ်စာနှင့် အလုပ်သမားအမည်စာရင်း ပူးတွဲ၍ ထိုင်းနိုင်ငံ၏ နယ်မြေအလုပ်သမားရုံးသို့ တင်ပြခြင်း၊ နယ်မြေအလုပ်သမားရုံးမှ ထိုင်း အလုပ်အကိုင်ဌာနသို့ ပေးပို့ခြင်း၊ ထိုင်း အလုပ်အကိုင်ဌာနမှ မြန်မာအလုပ်သမား သံအရာရှိရုံးသို့ ပေးပို့ခြင်း၊ မြန်မာအလုပ် သမားသံအရာရှိရုံးမှ စိစစ်ခြင်းနှင့် ထိုင်း အလုပ်အကိုင်ဌာနသို့ ပြန်လည်ပေးပို့ခြင်း၊ အလုပ်ရှင်မှ ထိုင်းအလုပ်အကိုင်ဌာနတွင် Work Permit လျှောက်လွှာတင်ခြင်း၊ ငွေ သွင်းခြင်း၊ ပြန်လည်ဝင်ရောက်ရမည့် နယ်စပ်ဂိတ်သတ်မှတ်ပေးခြင်း၊ မြန်မာအလုပ်သမား သံအရာရှိရုံးသို့ ပြန်ပို့ခြင်း၊ အလုပ်သမားအေဂျင်စီနှင့် အလုပ်သမားများသည် မြဝတီ၊ သို့မဟုတ် ကော့သောင်းမြို့တို့ရှိ One Stop Service ရုံးသို့ သွားရောက်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ OWIC ကတ် ထုတ်ပေးခြင်း၊ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင် နှင့် ဗီဇာရယူခြင်းများ ဆောင်ရွက်နိုင် ကြောင်းသိရသည်။
အဆိုပါ အလုပ်သမားအေဂျင်စီတို့၏ ရုံးလုပ်ငန်းများ ပြီးစီးပါက MoU လုပ် သားများသည် သုံးရက် သို့မဟုတ် လေးရက်သာ အချိန်ပေးခြင်း ဖြင့် U-Turn လုပ်ငန်းစဉ်ကို အချိန်တို/ငွေကုန်ကျမှု သက်သာစွာဖြင့် နယ်စပ်မြို့နှစ်မြို့၌ပင် ပြီးမြောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အမည်ပျက်စာရင်းဝင် သွားသည့် ကုမ္ပဏီများမှ ပို့ဆောင်ထားသော MoU လုပ်သားများအနေဖြင့်လည်း အလုပ်ရှင်နှင့် MoU လုပ်သား၏ သဘောဆန္ဒ အတိုင်း အခြားကုမ္ပဏီတစ်ခုသို့ အမည်သွင်း ၍ U-Turn ပြုလုပ်နိုင်ကြောင်း အသိပေးထားသည်။