ရန်ကုန်၊ ဇူလိုင် ၁၇
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို နိုင်ငံရေးပါတီအဖြစ် ဇူလိုင် ၁၅ ရက်မှ စတင်၍ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားပြီး ယင်းသို့ UEC က မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ပေါင်း ၅၀ အထိ ရှိလာကြောင်း သိရသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများအရ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ပြုရန် တင်ပြလျှောက်ထားလာသည့် အစုအဖွဲ့များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ စိစစ်ခွင့်ပြုပေးလျက်ရှိရာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်မှ စတင်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၉) နှင့်အညီ မှတ်ပုံတင်ခွင့်ပြု လိုက်ခြင်း ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဇူလိုင် ၁၅ ရက်အထိ စာရင်းဇယားများအရ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီများစာရင်းပေါင်း ၅၀ ရှိနေပြီဖြစ်သည်။ ယင်းပါတီများမှာ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုက ရက်တစ်ပါတီ(MPD)၊ ဒီမိုကရေစီ ပါတီသစ် (ကချင်)၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (T.N.D.P) ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ် ရေးပါတီ(S.S.P၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) (L.N.D.P)၊ ခမီအမျိုး သားဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါ တီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP)၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)၊ ကရင်ပြည်သူ့ပါတီ (KPP)၊ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ နာဂအမျိုးသားပါတီ(NNP)၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်အင်အားစု လေဘာပါတီ၊ အမျိုးသမီး ပါတီ(မွန်)၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားအကျိုးစီးပွား တိုးတက်ရေးပါတီ (NIDP)၊ 'ဝ'အမျိုးသားပါတီ၊ ခူမီးအမျိုးသား ပါတီ၊ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါ တီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီ မိုကရေစီပါတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေး နှင့်ညီညွတ်ရေး ပါတီ၊ မြန်မာနိုင်ငံတောင်သူ လယ်သမား၊ အလုပ်သမား ပြည်သူ့ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ လေဘာပါတီ (La-bour Party)၊ အမျိုးသားဒီမိုကရေစီအင်အား စုပါတီ (NDF)၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ လူထုပါတီ၊ ပြည်သူ့ပါတီ၊ မွန်တိုးတက်ရေးပါတီ၊ ငြိမ်းချမ်းရေးအကျိုး ဆောင်ပါတီနှင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့ ဖြစ်သည်။