YBS ယာဉ်လိုင်းများ ယခင်လမ်းကြောင်းများအတိုင်း ယာဉ်လိုင်းနံပါတ်ပြောင်းလဲ ပြေးဆွဲသွားမည်

၂၀၂၃ ၊စက်တင်ဘာ ၂၆

  အုပ်ချုပ်မှုမတူညီသည့် ယာဉ်လိုင်းကုမ္ပဏီများမှ လမ်းကြောင်းတူ ယာဉ်လိုင်းနံပါတ်တူဖြင့် ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများမှ ယခင်လမ်းကြောင်းများအတိုင်း ယာဉ်လိုင်းနံပါတ်ပြောင်းလဲ ပြေးဆွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC ) မှ သတင်းထုတ်ပြန်ထားသည်။

   YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ယာဉ်လိုင်းနံပါတ်တူပြီး ကုမ္ပဏီအုပ်ချုပ်မှုမတူညီသော YBS ယာဉ်လိုင်းများအား ယာဉ်လိုင်းနံပါတ် (၁) ခုစီဖြင့် ခွဲခြားသတ်မှတ်ပြောင်းလဲပေးခြင်းဖြင့် ခရီးသွားလုပ်သားပြည်သူတိုင်းအတွက် ယာဉ်လိုင်း၏ ပျက်ကွက်မှု၊ စည်းကမ်းဖောက်ဖျက်မှုများနှင့်ပတ်သက်၍ တိကျစွာတိုင်တန်းနိုင်ခြင်း။ YRTC မှ စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးကို ကုမ္ပဏီအလိုက် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ခြင်း၊YRTC ၏ အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရေးတွင် ကုမ္ပဏီအလိုက်ယာဉ်လိုင်းနံပါတ်သီးသန့်ခွဲပေးလိုက်သည့်အတွက် အများပိုင်ကုမ္ပဏီအားစနစ်တကျကြီးကြပ်ကွပ်ကဲနိုင်ခြင်း၊ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းများအနေဖြင့် Complain Center နှင့်ပြည်သူ့အသံများ၊ YRTC Facebook Page များသို့ တိုင်ကြားရာတွင် အခြားနံပါတ်တူယာဉ်များနှင့် ရော၍ ငြင်းဆို၍မရခြင်း စသည့် အားသာချက်များ ရရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် လာမည့် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ‌ ‌ဖော်ပြထားသည့် ဇယားပါယာဉ်လိုင်းနံပါတ်အသစ်များအနေဖြင့် ယခင်လမ်းကြောင်းများအတိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း YRTC မှ သတင်းထုတ်ပြန်ထားသည်။

Total Views ~ 332

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43814

© 2022 - 2025 News. All Rights Reserved.