Breaking

တောင်ကြီးမြို့လယ်ရှိ ဗိုလ်ချုပ်လမ်းမကြီးအား အဆင့်မြှင့်တင်နိုင်ရေး နစက ဥက္ကဋ္ဌမှာကြား

၂၀၂၃ အောက်တိုဘာ ၂၂

တောင်ကြီးမြို့သည် မြန်မာနိုင်ငံရှိ အထင်ကရမြို့ကြီးများတွင်ပါဝင်၍ မြို့လယ်ရှိ ဗိုလ်ချုပ်လမ်းမကြီးအား အဆင့်မြှင့်တင်နိုင်ရေး သုတေသနပြုဆန်းစစ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

အောက်တိုဘာ ၂၀ ရက်ညနေပိုင်းက နစက ဥက္ကဋ္ဌ နှင့်ဇနီးတို့မှ တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီးနောက် စေတီတော်မြတ်ကြီးပေါ်ရှိ ရှုခင်းသာ view point မှတဆင့် တောင်ကြီးမြို့၏ အလှအပများကိုကြည့်ရှုစဥ် နစက ဥက္ကဋ္ဌမှ တောင်ကြီးမြို့သည် မြန်မာနိုင်ငံရှိ အထင်ကရမြို့ကြီးများတွင် ပါဝင်၍ စည်းကမ်းစနစ်တကျရှိသည့်မြို့၊သန့် ရှင်းသာယာလှပသည့် မြို့ဖြစ်စေရေးဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကာ မြို့၏သဘာဝအရင်းအမြစ်များမပျောက်ပျက်ရန်နှင့်ရေရှည်တည် တံ့ခိုင်မြဲမှုရှိရန် ထိန်းသိမ်းဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့အတူ မြစိမ်းတောင် တောင်တက်လမ်းအား ယခုထက်ပြေပြစ်ချောမွေ့သည့် လမ်းကြောင်းအဖြစ် ပြန်လည်ပြုပြင်ရမည်ဖြစ်ကာ မြို့လယ်ရှိ ဗိုလ်ချုပ်လမ်းမကြီးအား အဆင့်မြှင့်တင်နိုင်ရေးအတွက် သုတေသနပြုဆန်းစစ်သွားရမည်ဟုလည်းမှာကြားခဲ့သည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကိုပေးအပ်လှူဒါန်းပြီးနောက် စူဠာမုနိလောကချမ်းသာစေတီတော်သို့ထပ်မံသွားရောက်၍ လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်၊လိုဏ်အတွင်းနှင့်အပြင်ပတ်လမ်းတို့အား လှည့်လည်ဖူးမြော်ကြည်ညိုကာ ဘုရားဖူးလာသူများကိုလည်းနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Total Views ~ 197

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45065

© 2022 - 2025 News. All Rights Reserved.