၂၀၂၃ အောက်တိုဘာ ၃၁
တောင်ကြီးမြို့၏ သာယာလှပသော ရှုခင်းများအား ကြည့်ရှုနိုင်ရန်အတွက် တောင်ကြီး-ပေါမူ၊ ပေါမူ-တောင်ကြီး အသွား^အပြန် ရထားခရီးစဉ်များကို အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ တွင် ပြေးဆွဲပေးရန် စီစဉ်ထားရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ သိရ သည်။
အဆိုပါ တောင်ကြီး-ပေါမူ၊ အသွား/အပြန် ရထားခရီးစဉ်များကို နှုန်းထားသတ်မှတ်ပြီး ပြေးဆွဲပေးရန် စီစဉ်ထားခြင်းဖြစ်ပြီး စိတ်လက်အေးချမ်းပျော်ရွှင်စွာ ရထားစီးပြီးအပန်းဖြေသွား လာနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ခရီးသွားကုမ္ပဏီများ(Tour Company)၊ ခရီးသွား အေဂျင် စီများ၊ Private School စသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ ရထားအဆိုင်းလိုက် (တစ်စင်းလုံး) ငှားရမ်းလို ပါကလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးထားသည်။
မြန်မာ့မီးရထားအနေဖြင့် ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်း ပက်ရထားလမ်းပိုင်း ဖွင့်ပွဲကို ဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့၏ သာယာလှပသော ရှုခင်းများကို စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ရန် ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများ လိုက်ပါ၍ တောင်ကြီး-ပေါမူ၊ ပေါမူ-တောင် ကြီး ရထားခရီးစဉ်ကို အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက် အထိ အခမဲ့ပြေးဆွဲပေးခဲ့ သည်။ ထို့အပြင် သီတင်းကျွတ်ရုံး ပိတ်ရက်ဖြစ်ခြင်း၊ ရထားစီးနင်းသူများပြားခြင်းကြောင့် အောက်တိုဘာ ၃၀ ရက်တွင်လည်း နိုင်ငံ တော်အကြီးအကဲ၏ လမ်းညွှန်မှုကြောင့် ထပ်မံ၍ အခမဲ့ ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ကြီး-ပေါမူ ခရီးစဉ်သည် တောင်ကြီးမြို့မှ စတင်ထွက်ခွာ သည်နှင့် တောင်ကြီး မြို့၏ အထင်ကရနေရာ မီးပုံးပျံကွင်းကြီးကို ရထားပေါ်မှနေ၍ ကြည့်ရှုခံစားရခြင်း၊ တောင်ကြီးမြို့၏ ခေတ်မီလှပသော မြို့ပြမြင်ကွင်းများကို ရထားပေါ်မှ ကောင်းစွာမြင်နိုင်ပြီး စိတ်လက်ကြည်လင် အေးချမ်းစေခြင်း၊ မြန်မာ့မီးရထား၏ ဒုတိယဘဝသံသရာတံတားကို ဖြတ်သန်းစဉ်အဝေး ဆီမှ တောင်တန်းများ၊ ကွင်းပြင်ကျယ်များကို ရှုမျှော်ခံစားနိုင်ခြင်း၊ ထီသိမ်ဘူတာသို့ ရထားဆိုက် ရောက်ရပ်နားချိန် ၁၅ မိနစ်အတွင်း ဘူတာအထက်ဘက်ရှိ ရှုရပ်မှနေ၍ ထီသိမ်အဝိုင်းပတ် (ဘဝသံသရာတံတား)အား အပေါ်စီးမှနေ၍ ကြည့်ရှုခြင်း၊ အဝေးဆီမှ ထီသိမ်ဘုရား၊ မြေပြိုဘုရား များကို ကြည်ညိုဖူးမြော်နိုင်ခြင်း၊ ရွှေညောင်ကန်နှင့် ကွင်းပြင်ကျယ်ကြီးများ စသည့် တောင်တန်းနှင့် သဘာဝအလှအပ ရှုခင်းများကို ကြည့်ရှု ခံစားနိုင်ခြင်းတို့ကြောင့် စိတ်လက်အေးချမ်း ပျော်ရွှင်မှုရရှိ စေခဲ့ကြောင်း သိရသည်။