ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသွားပါက CI လက်မှတ်လျှောက်ထားနိုင်ကြောင်း သံရုံးထုတ်ပြန်

၂၀၂၃ နိုဝင်ဘာ ၂၀
    ထိုင်းနိုင်ငံသို့ Passport for Visit (PV) အမျိုးအစားအပါအဝင် အခြားနိုင်ငံကူးလက်မှတ် အမျိုးအစား ကိုင်ဆောင်ကာ ပြည်ပသို့ အလည်အပတ် ရောက်ရှိချိန် နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခဲ့ပြီး မိခင် နိုင်ငံသို့ ပြန်ရန် အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာ မြန်မာသံရုံး/ကောင်စစ်ဝန် ချုပ်ရုံးများထံသို့ လာရောက်ကာ တစ်ကြိမ်တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက် သေခံလက်မှတ် (Certificate of Identity – CI)ထုတ်ပေးနိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
    အဆိုပါ လက်မှတ်ရရှိရန် တင်ပြ လျှောက်ထားရာတွင် ကာယကံရှင်၏ ကိုယ် ရေးလျှောက်လွှာ၊ ကိုယ်ရေးအချက်အလက် (နိုင်ငံကူးလက်မှတ် လျှောက်ထားပုံစံတွင် ဖြည့်စွက်ရန်)၊ နိုင်ငံကူးလက်မှတ် ပျောက် ဆုံးကြောင်း ရဲစခန်းထောက်ခံစာ (အင်္ဂလိပ် ဘာသာပြန်ဆိုချက်)၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား(မိတ္တူ)၊ အိမ်ထောင်စုစာရင်း (မိတ္တူ)၊ အပြန်လေယာဉ်လက်မှတ် (မိတ္တူ)၊ ၁ ဒသမ ၅_၂ လက်မအရွယ် ကာလာဓာတ်ပုံ တစ်ပုံ၊ နိုင်ငံကူးလက်မှတ်(မိတ္တူ)ပါရှိရမည် ဖြစ်သည်။ ထို့အပြင် ပြည်ပဆေးရုံတွင် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့် ကလေးငယ်များအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုပါက တစ်ကြိမ်တစ်ခါသုံး မည်သူမည် ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Cer-tificate of Identity – CI) ထုတ်ပေးနိုင်ပါရန် မြန်မာသံရုံးတွင် လျှောက်ထားရယူနိုင်ပြီး  မွေးစာရင်း(မိတ္တူ)၊ မိဘနှစ်ပါး၏ နိုင်ငံကူးလက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)၊ လက်ထပ်စာချုပ်(မိတ္တူ) စသည်တို့အား ပူးတွဲတင်ပြရန် လိုအပ်ကြောင်း သိရသည်။ 
    ထို့အပြင် ထိုင်းနိုင်ငံတွင် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး နေထိုင်အ လုပ်လုပ်ကိုင်သူများသည် နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသွားသဖြင့် အသစ်လျှောက်ထားနေချိန်တွင် မြန်မာနိုင်ငံ သို့ အရေးတကြီးပြန်ရန် ဖြစ်ပေါ်လာပါက တစ်ကြိမ်တစ်ခါသုံး မည်သူမည်ဝါ ဖြစ် ကြောင်း သက်သေခံလက်မှတ် (Certificate of Identity–CI)ကို မြန်မာသံရုံး/ကောင် စစ်ဝန်ချုပ်ရုံးတို့တွင် လျှောက်ထားနိုင်ကာ မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့်သာ ပြန်လည် ထွက်ခွာရမည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးလေဆိပ်များသို့ ရောက်ရှိပါက လူဝင်မှုကြီး ကြပ်ရေးဆိုင်ရာ တာဝန်ခံမှ သိမ်းဆည်းထား မည်ဖြစ်သောကြောင့် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုပါက MoU လုပ်ငန်းစဉ်အတိုင်း ပြန်လည် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
    မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity –CI) ထုတ်ပေးနိုင်ပါရန် လျှောက်ထားလာသူများအား မြန်မာသံရုံး/ကောင်စစ်ဝန်ချုပ်ရုံးတို့မှ စိစစ်မှုများပြုလုပ်ပြီး CI စာအုပ်တစ် အုပ်လျှင် ဘတ် ၄၀၀ နှုန်း နိုင်ငံတော်သို့ ပေးသွင်းစေပြီးနောက် ကောင်စစ်ဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ခုနစ်ရက် သက်တမ်းထက်မပိုသော တစ်ကြိမ်တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity–CI)အား အမှန်တကယ် ခရီးသွားရောက်မည့်ရက် မတိုင်မီ အများဆုံး သုံးရက် ကြိုတင်ထုတ် ပေးလျက်ရှိကြောင်း သိရသည်။

Total Views ~ 153

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43523

© 2022 - 2025 News. All Rights Reserved.