နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မန္တလေးငလျင်ကြီးကြောင့် ပျံလွန်၊ ကွယ်လွန်သူများကို ရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆက်ကပ်

ရန်ကုန်၊ ဧပြီ ၃၀
    မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြသည့် ရဟန်းသံဃာတော်များနှင့် ပြည်သူများအား ရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ 
    အဆိုပါအခမ်းအနားသို့ နေပြည်တော် လယ်ဝေးမြို့ ပေါက်နယ်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒနှင့် နိုင်ငံတော်သြဝါဒါစရိယ တပ်ကုန်းမြို့ မဟာသီဟနာဒကျောင်းတိုက် ပဓာနနာ ယကဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏတို့ အမှူးပြုသည့် ဆရာတော် ကြီးများ ကြွရောက် ချီးမြှင့်တော်မူကြပြီး     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ခဲ့ကြသည်။
    မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြသည့် ရဟန်းရှင်လူ ပြည်သူများအား ရည်စူး၍ တစ်လပြည့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို နမော တဿ သုံးကြိမ် ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကြပြီး မဟာသီရနာဒကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက် တည်ခဲ့ကြကာ အခမ်းအနားတက်ရောက်လာ ကြသူများက ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ဇနီးတို့က ပေါက်နယ်ဆရာတော်ကြီးထံသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းနှင့် ဇနီးတို့က မဟာသီဟနာဒ ကျောင်းတိုက် ဆရာတော်ကြီးထံသို့ လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ၎င်းင်းတို့၏ ဇနီးများက တက် ရောက်လာသည့် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
    အခမ်းအနား တက်ရောက်လာကြ သူများက ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက်ဆရာတော်ကြီး ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ တရားတော်များ နာကြားပြီး မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြသည့် ရဟန်း၊ ရှင်လူ၊ ပြည်သူများအား ရည်စူး၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြပြီးနောက် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ငလျင်ဒဏ်ကြောင့် ဧပြီ လ ၂၅ ရက်အထိ စာရင်းများအရ သေဆုံးသူ ၃၇၆၃ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၇ ဦး၊ ပျောက်ဆုံးသူ ၁၁၀ ရှိပြီဖြစ်သည်။ ထူးမြတ်

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43063

© 2022 - 2025 News. All Rights Reserved.