ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အရေးယူခံရသူ ၁၂ ဦးအထိ ရှိလာ

နေပြည်တော်၊ စက်တင်ဘာ ၂၄
    ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ပြီး အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိရာ အရေးယူခံရသူ ၁၂ ဦးအထိရှိ လာခဲ့ပြီဖြစ်ကြောင်း သိရသည်။
    ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တိုဖြင့် နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းများကို တာဝန်ရှိသူများက အရေးယူခဲ့ခြင်းဖြစ်သည်။ 
    စက်တင်ဘာ ၂၂ရက်က ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ ဆန္ဒပြ၊ လှုံ့ဆော်ခြင်းများပြုလုပ်ခဲ့သူ ကိုးဦးကို ဖမ်းဆီးအရေး ယူလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။
    ထိုသို ကျူးလွန်သူများအပေါ် လုံခြုံရေးတပ်ဖွဲဝင်များက ပြည်သူလူထုနှင့် ပူးပေါင်း၍ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ခြင်း များဆောင်ရွက်ခဲ့ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပျက်ပြားစေရန် လှုံ့ဆော် ခြင်းပြုလုပ်သူ လွိုင်ကော်မြို့ ဒေါနိုးကူးရပ်ကွက်နေ ပိုင်ပိုင်စိုး(ခ)မျိုးမင်းခန့်(ခ) ပိုင်စိုး(၁၈)နှစ်၊ ဟန် ထွန်းအောင်(ခ)ရဲမင်းကိုကို(ခ)ဟန်ကြီး (၁၈)နှစ်၊ အောင်နိုင်လင်း (၁၇)နှစ်၊ ဖြိုးပိုင် ဇေအောင် (၁၆)နှစ်နှင့် ထွန်းနေဦးလှိုင်(၁၄) နှစ်တို့အား စက်တင်ဘာ ၁၄ ရက်က လွိုင်ကော်မြို့မရဲစခန်း (ပ)၂၁၈^၂၀၂၅ ဖြင့် လည်းကောင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က)ဖြင့် အသီးသီးအမှုဖွင့်ဖမ်းဆီး အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
    ထို့အတူ ရွှေပြည်သာမြို့နယ်၌ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဆန္ဒပြ၊ လှုံ့ဆော်ခြင်းပြုလုပ်ခဲ့သူ ရွှေပြည်သာမြို့နယ် အမှတ် (၅)ရပ်ကွက်နေသူများ ဖြစ်ကြသည့် ရဲသူရအောင် (၃၆)နှစ်၊ ကျော်ဝဏ္ဏ (၂၅)နှစ်၊ ချစ်ဝင်း(၄၅)နှစ်နှင့် ပြေထွန်း (၃၄) နှစ်တို့အား စက်တင်ဘာ ၁၆ ရက်က ရွှေပြည်သာ မြို့မရဲစခန်း (ပ) ၃၄၇^၂၀၂၅ ဖြင့်လည်းကောင်း ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က)ဖြင့် အသီးသီးအမှုဖွင့်ပြီး ဖမ်းဆီးအရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။
    အလားတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ပါတီစုံဒီ မိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန်ရည်ရွယ်၍ လှုံ့ဆော်စာများရေးသားထားသည့် စတေကာများဖြင့် အများပြည်သူသွားလာနေသည့် နေရာများ၌ စတေကာကပ်၍ လှုံ့ဆော်သူ အမျိုးသားနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
    ထို့အတူ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာတွင် လှုံ့ဆော်ဝါဒဖြန့် ရေးသားသူတစ်ဦးကို တောင်ကြီးမြို့နယ်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ်ခုနစ်နှစ်တိတိကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ကွန်းဈာန်

Total Views ~ 46

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53571

© 2022 - 2025 News. All Rights Reserved.