၂၀၂၃ အောက်တိုဘာ ၉
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ UEC သို့ ပါတီဝင်အင်အား တစ်သိန်းစာရင်း တင်ပြီးပြီ ဖြစ်၍ ပါတီရုံးခန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး စီစဉ်မည်ဖြစ် ကြောင်း ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ ဦးစိုင်းအိုက် ပေါင်းက ပြောသည်။
"ကျွန်တော်တို့ပါတီဝင် တစ်သိန်းကျော်လည်း တင်ပြီးပါပြီ။ မြို့နယ်ရုံးတွေ ဖွင့် ဖို့အတွက်ကတော့ ကြိုးစားနေတုန်းပါပဲ။ အချိန်ကလည်း ရသေးတယ်။ ကျွန်တော်တို့ ကတော့ အဆင်သင့်ဖြစ်အောင် လုပ်နေတယ်။ ရုံးခန်းဖွင့်ဖို့ပဲ လိုတော့တယ်။ ရုံးခန်း တော်တော်များများကလည်း ရှမ်းပြည်မှာ ရှိ ထားပြီးသားလေ။ ရန်ကုန်မှာလည်း ဖွင့်ထား တယ်။ နောက်ပိုင်းကျတော့ ဆက်တိုက်ဖွင့် သွားပါမယ်"ဟု ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ(ကျားဖြူပါတီ)သည် ပြည် ထောင်စုတစ်ဝန်းစည်း ရုံးမည့် ပါတီအဖြစ် UEC ၏ ကြေညာချက်အမှတ် (၃၃/၂၀၂၃) ဖြင့် ဇွန်လ ၂၃ ရက်မှစတင်ကာ နိုင်ငံ ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိထားသော ပါတီဖြစ်သည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အသစ်အရ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့် ပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းကို စည်းရုံးရမည်ဟု ဖော်ပြထားသည့်အတွက် ယင်းဥပဒေအရ ကျားဖြူပါတီသည် ပါတီမှတ်ပုံခွင့်ကျပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား တစ်သိန်းကို UEC သို့တင်ပြထားခြင်း ဖြစ်သည်။
ထို့အပြင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ့မှ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်း လုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံးထက် ဝက် (၁၆၅ မြို့နယ်)တွင် ပါတီရုံးခန်းများ ဖွင့်လှစ်ရမည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ဖော်ပြထားသည်။