၂၀၂၃ ၊ နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံ ရောဂါထိန်းချုပ်နှိမ် နင်းရေးဗဟိုဌာန တည်ဆောက်နေမှုမှာလာမည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်ဖွင့် လှစ်၍ လည်ပတ်ဆောင်ရွက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ရောဂါထိန်းချုပ်နှိမ် နင်းရေးဗဟိုဌာနသည် နေပြည်တော်ဒက္ခိဏ သီရိမြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကူအညီဖြင့် တည်ဆောက်နေခြင်း ဖြစ်ပြီး အဆိုပါ ရောဂါထိန်းချုပ်နှိမ်နင်းရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်း သင်တန်းကျောင်း တည်ဆောက်နေမှုကို နိုဝင်ဘာ ၂၆ ရက်က ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
မြန်မာနိုင်ငံ ရောဂါထိန်းချုပ်နှိမ် နင်းရေး ဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်း သင်တန်းကျောင်း (Myanmar CDC )သည် ယွမ်သန်း ၄၀၀ ခန့်တန်ဖိုးရှိ နိုင်ငံတကာ အဆင့်မီ ရောဂါထိန်းချုပ်နှိမ်နင်းရေး ဗဟို ဌာနတစ်ခုဖြစ်ပြီး Biosafety Level 3 အဆင့် အထိရှိသော ဓာတ်ခွဲခန်းများအပါအဝင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ၊ ရောဂါထိန်းချုပ်နှိမ်နင်းရေး စနစ်များပါရှိသော သုံးထပ်ရောဂါထိန်းချုပ်နှိမ်နင်းရေး အဆောက်အအုံ၊ သင်တန်းသားသင်တန်းသူ ၂၀၀ ခန့် ထားရှိလေ့ကျင့်သင်ကြားပေးနိုင်မည့် သုံးထပ်ကျန်းမာရေးသင်တန်းကျောင်း အဆောက်အအုံနှင့် နှစ်ထပ်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံတို့ ပါရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရောဂါထိန်းချုပ်နှိမ် နင်းရေးဗဟိုဌာန တည်ဆောက်နေမှုမှာ ၂၀၂၄ ခုနှစ် နှစ်ဆန်း ပိုင်းတွင်ဖွင့်လှစ်၍ လည်ပတ်ဆောင်ရွက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိ၍ Myanmar CDC တွင် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန် ထမ်းများကိုလည်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ စေလွှတ်၍ လေ့ကျင့်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။