Breaking

မြန်မာ့ရော်ဘာကို ကမ္ဘာ့ဈေးကွက်သတ်မှတ်ချက်အတိုင်းအရည်အသွေးပြင်ဆင်ရောင်းနိုင်ဖို့ ပြင်ဆင်မည်

၂၀၂၃ သြဂုတ် ၂၁

နိုင်ငံတကာ ရော်ဘာဈေးကွက် မှာ သတ်မှတ်ထားတဲ့ရော်ဘာထုတ်လုပ်မှုစံချိန်နဲ့အရည်အသွေးများအတိုင်း မြန်မာ့ရော်ဘာကို ရောင်းချနိုင်ဖို့ ပြင်ဆင်မှုများပြုလုပ်နေကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကသိရပါတယ်။

ကမ္ဘာ့ရော်ဘာဈေးကွက်ဟာ လာမယ့် ၂၀၃၀ပြည့်နှစ်မှာ Sustaimable Natural Rubber (SNR) Guideline ရေရှည်တည်တံ့တဲ့သဘာဝရော်ဘာ ဖြစ်မှ  ရော်ဘာကို အရောင်းအဝယ်ပြုလုပ်ရန် ကျင့်သုံးမှုတွေရှိလာမှာဖြစ်လို့ မြန်မာနိုင်ငံအနေနဲ့လည်း အဆိုပါကမ္ဘာ့ရော်ဘာဈေးကွက်သတ်မှတ်ချက်အတိုင်း လိုက်ပါဆောင်ရွက်နိုင်ဖို့ ယခုကတည်းက ပြင်ဆင်မှုနဲ့ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ဆိုပါတယ်။

(SNR) Guideline ဟာ ရော်ဘာစိုက်ပျိုးထုတ်လုပ်နေရာမှာ သစ်တောပြုန်းတီးမှုမဖြစ်ဖို့ နဲ့ ရော်ဘာထုတ်လုပ်ရေး လမ်းစဉ်တစ်လျောက်မှာ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်မထိခိုက်မပျက်စီးရေး စတဲ့စည်းမျဉ်းစည်းကမ်းဘောက်အတွင်းက ထုတ်လုပ်လိုက်တဲ့ အရည်အသွေးမှီ ရော်ဘာတွေကိုသာ အရောင်းအဝယ်ပြုလုပ်နိုင်မှာလို့သိရပါတယ်။

မြန်မာမှာ ရော်ဘာကို တစ်နိုင်ငံလုံးအနေနဲ့ စိုက်ဧက တစ်သန်းခွဲကျော် စိုက်ပျိုးထားပြီး  ရော်ဘာအစေးခံကာ ကုန်ကြမ်းထုတ်လုပ်နိုင်တဲ့ရော်ဘာဧကပေါင်းက ရှစ်သိန်းခွဲကျော်ရှိကြောင်း နဲ့ တစ်နှစ်ကို ရော်ဘာဧက တန်ချိန် လေးသိန်းခန့်ထွက်ရှိနေတယ်လို့ဆိုပါတယ်။

ပြည်တွင်းကထွက်တဲ့ ရော်ဘာတွေပြည်ပတင်ပို့ မှုအပိုင်းမှာတော့ အဓိကအားဖြင့် တရုတ်နိုင်ငံကို ရော်ဘာကုန်ကြမ်းထွက်ရှိမှုရဲ့၇၅ရာခိုင်နှုန်းခန့်တင်ပို့နေပြီး ကျန်တဲ့ပြည်ပနိုင်ငံတွေဖြစ်တဲ့ မလေးရှား ၊ စင်္ကာပူ၊ ကိုရီးယား ၊ ဂျပန် ၊ ထိုင်ဝမ် ၊ အင်ဒိုနီးရှား နဲ့ အိန္ဒိယနိုင်ငံတွေကိုလည်း တင်ပို့မှုရှိတယ်လို့သိရပါတယ်။

ရော်ဘာကို ပြည်တွင်းမှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေ ဖြစ်တဲ့ မွန်ပြည်နယ် ၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ အများဆုံးစိုက်ပျိုးပြီး ပဲခူးတိုင်း နဲ့ ရန်ကုန်တိုင်းတွေမှာလည်း စိုက်ပျိုးကြကြောင်းမန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကသိရပါတယ်။

Total Views ~ 208

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44367

© 2022 - 2025 News. All Rights Reserved.