Breaking

ရုရှား- မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု (၇၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်တွင် ရုရှား အော်သိုဒေါ့ ခရစ်ယာန်ဘုရား ကျောင်း တည်ဆောက်မည်

၂၀၂၃ အောက်တိုဘာ ၃၁ 
    ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံချစ်ကြည်ရင်းနှီးမှု (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ရုရှားအော်သိုဒေါ့ ခရစ်ယာန် ဘုရားကျောင်း တည် ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းကပြောသည်။
    မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုသိရှိ လာရောက်လည်ပတ် စေရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများကို ရုရှားခရီး သွားဈေးကွက်တွင် မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန် ကြီးဌာနမှ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသော မြန်မာ-ရုရှား ခရီးသွား မြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီး စဉ် (Familiarization Trip-FAM Trip) အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ခဲ့သည့် ခရီးစဉ်တွင်လိုက်ပါခဲ့ကြသော ရုရှားခရီး သွားကိုယ်စားလှယ်များ၏ အတွေ့အကြုံရှင်း လင်းပွဲအခမ်းအနားကို အောက်တိုဘာ ၃၀ ရက်က ရန်ကုန်မြို့ရှိ Chatrium Hotel Royal Lake Yangon  ၌ ကျင်းပခဲ့သည်။
    ယင်းအခမ်းအနားတွင် ဝန်ကြီး ချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံချစ်ကြည်ရင်းနှီးမှု (၇၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ရုရှားအော်သိုဒေါ့ ခရစ်ယာန်ဘုရားကျောင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ထည့် သွင်းပြောကြားခဲ့သည်။
    ထို့အပြင် ယခုခရီးစဉ်တွင် လေ့လာလည်ပတ်ခဲ့ကြသည့် မြန်မာနိုင်ငံ၏ ခရီးစဉ်အသီးသီးနှင့် ရုရှားနိုင်ငံသားများကို ဆွဲဆောင်နိုင်မည့် အပြုသဘောဆောင်သည့် အကြံပြုချက်များကို ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရုရှားနိုင်ငံသားများအတွက် ဆွဲဆောင်မှုရှိသော မြို့ဖြစ်အောင် လိုအပ် သည့် ဝန်ဆောင်မှုများပေးအပ်နိုင်ရန် တတ်စွမ်းသရွေ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးစိုးသိန်းက  ပြောကြားခဲ့သည်။
    ရုရှားအော်သိုဒေ့ါခရစ်ယာန်ဘု ရားကျောင်းကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၄) တိုးချဲ့ရပ်ကွက်၊ မြေကွက် အမှတ် (F-6/B)၊ မြေဧရိယာ ၁ ဒသမ ၂၅ ဧကတွင် တည်ဆောက်မည်ဟု  သိရသည်။
    အဆိုပါဘုရားကျောင်း တည်ဆောက်ရေးကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊  အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့် အရှေ့တောင်အာရှဆိုင်ရာ  ရုရှား အော်သိုဒေါ့ ခရစ်ယာန်ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သောအဖွဲ့တို့ အောက်တိုဘာ ၂၀ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ မြို့တော်ဝန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြပြီးတွေ့ဆုံစဉ် ရုရှားဖက်ဒရေး ရှင်းသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှု (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရုရှားအော်သိုဒေါ့ ခရစ်ယာန်ဘုရားကျောင်း တည်ဆောက်ရန်ကိစ္စရပ်များကို ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးကြကြောင်း သိရသည်။

Total Views ~ 200

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45088

© 2022 - 2025 News. All Rights Reserved.