နေပြည်တော် ၊ ဖေဖော်ဝါရီ ၂
လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်း ပနိုင်ရေးအတွက် မဲဆန္ဒနယ်များတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေး ချမ်းမှုရှိရန် သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် (UEC) မှ
သိရသည်။
"လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် မဲဆန္ဒနယ်များတွင် လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်ပြီးပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု UEC တာ၀န်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲအ တွေ့အကြုံများနှင့် ပြောင်းလဲကျင့်သုံးမည့် အ ချိုးကျကိုယ်စားပြုစနစ် (PR) တို့နှင့်အညီ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို အသစ်ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေများတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ရွေးကောက်မှုဆိုင်ရာအခွင့်အရေးများအရ နိုင်ငံသားတိုင်းသည် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်သောအခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲနေနိုင်သော အခွင့်အ ရေး၊လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှ နုတ်ထွက်နိုင်သော အခွင့်အရေး၊ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်သောအခွင့်အရေး သို့မဟုတ် ဆန္ဒမဲပေးခြင်းမပြုဘဲ နေနိုင်သောအခွင့်အရေးများရှိကြောင်း UECမှ သိရသည်။
"နိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံရေးပါတီတစ်ရပ်ရပ်ကို ။ကိုယ်စားပြု၍ဖြစ်စေ၊ တစ်သီးပုဂ္ဂလအဖြစ်ဖြင့်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဥပဒေနှင့်အညီ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိမှာဖြစ်ပါတယ်" ဟု UEC တာ၀န်ရှိသူတစ်ဦးက ပြောသည်။ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း၊ ကန့်ကွက်ခြင်း၊ အမည်စာရင်းတင်သွင်းလွှာရုပ်သိမ်းခြင်းနှင့် စိစစ်ခြင်းများကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။