Breaking

လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် အောင်မြင်သော ရွေးကောက်ပွဲဖြစ်မည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတ ပြောကြား

နေပြည်တော် ၊ အောက်တိုဘာ ၁၅ 
လာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် အောင်မြင်သော ရွေးကောက်ပွဲဖြစ်မည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-I)၌ ယနေ့ (အောက်တိုဘာ ၁၅ ရက်) နံနက်ပိုင်းမှ စတင်ကျင်းပပြုလုပ်လျက်ရှိသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမိန့်ခွန်းတွင် ယာယီသမ္မတက အထက်အတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
“ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ တောင်းဆိုချက်တွေ လုပ်တဲ့အခါမှာ နိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်ပေါ်မှာ ပြောနိုင်တာအကောင်းဆုံးဖြစ်ပါတယ်။ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး စဉ်းစားတဲ့အခါမှာ အချိုးကျ ကိုယ်စားပြုစနစ်နဲ့ သွားဖို့ စဉ်းစားခဲ့ပါတယ်။ပြီးခဲ့တဲ့ ရလဒ်တွေကို သုံးသပ်ပြီးတော့မှ လာမယ့် ရွေးကောက်ပွဲကျလို့ရှိရင်တော့ ရွေးကောက်ပွဲပုံစံလေးပြောင်းလုပ်ကြမယ်ဆိုပြီး ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ဒါလည်း နိုင်ငံရေးပါတီတွေ အားလုံး သဘောတူညီချက်နဲ့ လုပ်တာဖြစ်ပါတယ်။ အဲတော့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲလုပ်ပါမယ်။ စာရင်းပေးထားတာ ဝင်ဖို့အတွက်ပေးထားတာ ၅၇ ပါတီရှိပါတယ်။တစ်နိုင်ငံလုံးဝင်ပြိုင်မယ့် ပါတီ ၆ပါတီ၊ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ဝင်ပြိုင်မှာ ၅၁ ပါတီ၊ အားလုံး ၅၇ပါတီရှိပါတယ်။စိစစ်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ ရောက်ရှိလာတဲ့ စာရင်းကို ကြည့်လိုက်တဲ့အခါမှာတော့ ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ရှိပါတယ်။အဲထဲမှာ နည်းနည်း တစ်ချို့ဟာတွေလည်း အကြမ်းဖျင်းကြည့်လိုက်တဲ့အခါမှာ အတန်းပညာနဲ့ပတ်သက်တာတို့ တစ်ခြား ကိစ္စရပ်တွေနဲ့ ညှိစွန်းနေတာတွေ့တဲ့အခါကျတော့  တစ်ချို့ဟာတွေလည်း အပြောင်းအလဲတော့ ရှိနိုင်ပါ လိမ့်မယ်။ဒီရွေးကောက်ပွဲကတော့ တော်တော်ကောင်းတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ပြောလိုပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီဟာကို အားပေးပါတယ်။ လုပ်ကြပါ။ဒါနဲ့ပတ်သက်ပြီးတော့လည်း free and fair ဖြစ်ကို ဖြစ်ရပါမယ်ဆိုပြီးပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သုံးရပ်မှာ အတွေ့အကြုံအရ ရွေးကောက်ပွဲ မဲမသမာမှုဖြစ်ခဲ့ပါတယ်။ မဲလက်မှတ်နဲ့ပေးတဲ့အခါမှာ တော်တော်လေး ပြဿနာတက်ပါတယ်။ ကြို တင်မဲတွေမှာ တော်တော်လေးပြဿနာတက်ခဲ့ပါတယ်။ ဒါတွေမဖြစ်ရအောင်ဆိုပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်ကို ကျွန်တော်ကိုယ်တိုင် အကြိမ်ကြိမ်စိစစ်ပြီးတော့ ဒီအတိုင်းလုပ်ပါ၊ ပိုက်ဆံကုန်ရင် ကုန်ပါစေဆိုပြီး လုပ်တာဖြစ်ပါ တယ်။မနေ့ကလည်း သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ချို့ကိုလည်း ပြပါတယ်။ဘယ်လိုမှ မဲလိမ်စရာအကြောင်းအရှိဘူး၊ မဲမသမာစရာအကြောင်းကို မရှိပါဘူး။ ကြိုတင်မဲလည်း ကန့်သတ်ချက်တွေ မျိုးစုံလုပ်ထားပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကတော့ အောင်မြင်တဲ့ရွေးကောက်ပွဲ၊ free and fair ဖြစ်မယ့် ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု ယာယီ မ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က ပြောကြားခဲ့သည်။
  ထို့အပြင် ရွေးကောက်ပွဲအား သုံးကြိမ်ပြုလုပ်သွားမည်ဖြစ်ပြီး ပထမအကြိမ်တွင် ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်တွင် မြို့နယ် ၁၀၀ နှင့် ကျန်မြို့နယ်များအား တတိယအကြိမ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း၊ ထပ်မံကျန်ရှိသည့် မြို့နယ်များကိုလည်း လာမယ့်အစိုးရနှင့်  ရွေးကောက်ပွဲကော် မရှင်တို့မှ  ဦးဆောင်၍ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် ကျင်းပပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ညီသစ်

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

54263

© 2022 - 2025 News. All Rights Reserved.